ဘန်ကောက်နှင့် မဲဆောက်ရှိ UNHCR ရုံး ဆန္ဒပြခံရ

Written by

in

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

မြန်မာဒုက္ခသည်အရေး ဖြေရှင်းပေးရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့်မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR ရုံးတို့ကို ယနေ့ နံနက်ပိုင်းက Maesot Refugee Voice အဖွဲ့ဝင်တချို့က ဆန္ဒပြခဲ့ကြောင်း သိရသည်။

“UNHCR က အခု ထိုင်းမှာ ဒုက္ခသည်အရေး မလုပ်ဘူးလို့တော့ ပြောမရဘူး လုပ်နေပါတယ် ဒါပေမဲ့ နာမည်ကြီးမှ ဆယ်လီဖြစ်မှ အရေးပေါ်ဖြစ်မှဆိုတာမျိုးကို ခွဲခြားလုပ်နေတာပါ။ CDM တွေ ပုံနေတာပဲ အခြား စစ်ဘေးရှောင်တွေလည်း အများကြီး၊ သွားရမယ်ဆိုပြီး ဟိုတယ်မှာ နေတဲ့သူတွေလည်း ရှိကြတယ်ရှင့်။ အဓိက လုပ်တာနှေးနေတာရယ် လူတွေကို တကယ်ဟုတ်မဟုတ် ရွေးတယ်ဆိုတာထက် နာမကြီးမှ အဖွဲ့အစည်းတချို့က ထောက်ခံမှ ဆိုတာမျိုးတွေက UNHCR အနေနဲ့ မလုပ်သင့်ပါဘူး” ဟု မဲဆောက်ရောက် CDM စစ်ဘေးရှောင်တဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အကြမ်းဖက် အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီး သတ်ဖြတ်ခံရမှုမှ လွတ်မြောက်ရန် ရှောင်တိမ်းနေသည့် စစ်ဘေးဒုက္ခသည် သောင်းချီရှိနေပြီး၊ မဲဆောက်အချုပ်နှင့် ဘန်ကောက်ထောင်တို့တွင် ဖမ်းဆီးခံထားရသူများရှိကြောင်း သိရသည်။

#RedNewsAgency