စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

စစ်တပ်ကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ NLD အစိုးရထံမှ အာဏာသိမ်းရန် အကြံပေးတိုက်တွန်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့က ယနေ့ နေ့လည် (၃) နာရီဝန်းကျင်က ရန်ကုန်မြို့ လှိုင်မြို့နယ် ( ၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

“အငြိမ်းစားယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အား ပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက် တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များ ရရှိနေသူ၊ တော်လှန်ရေးရဲဘော်များအား အ ကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်း စေခိုင်းသူ အစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦးမှာပါ” Inya Urban Force အဖွဲ့က ပြောကြားထားသည်။

Red News Agency

By Editor