ကွက်ခိုင်မြို့

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ

Red News Agency ကနေ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက် ညနေခင်း နောက်ဆုံးရ မြန်မာသတင်းများ ကို တင်ဆက်ထားပါတယ်။ အဓိကသတင်းများမှာ နေပြည်တော်က ပြန်လာတဲ့ စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ထိန်းချုပ် ပခုက္ကူမြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ NUG ယာယီသမ္မတ ဒူဝါလရှီးလ တော်လှန်ရေးအင်အားစုများကို တိုက်တွန်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေးနှင့် တော်လှန်ရေးသတင်းများ ကို Red News Agency မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #RedNewsAgency #RedNews #RNA
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း…
Read More
ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၃၀ရက်) နံနက်စောစော ၁ နာရီခန့်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၁) ဦး၊ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄) ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၄) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု TNLA ကထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ မြို့များရှိ ပြည်သူများကို…
Read More
၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

၂၀၂၅ တွင် လူထုဆန္ဒအခြေခံသည့် အုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် PSLF/TNLA ကြိုးပမ်းမည်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းရရှိခဲ့သည့် မြို့ (၇) မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်သစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောက်ရွက်သွားမည်ဟု PSLF/TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်ရှိ တအာင်းတပ်မတော် TNLA စစ်ဌာနချုပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရရှိ အရာခံများနှင့် ဖိတ်ကြားထားသည့် မိဘပြည်သူ စုစုပေါင်း ၁၈၅ ဦးတက်ရောက်ပြီး…
Read More
သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။ PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။ (more…)
Read More