လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

Written by

in

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးကြောင့် ထွက်ပြေးနေရသည့် ပြည်သူများအား ကယ်ထုတ်နေစဉ် CDM ကျောင်းဆရာ၊ KNDF B-06 မှ သူရဲကောင်း ရဲဘော် ကိုနိုင်လင်း ကျဆုံးသွားကြောင်း သိရသည်။

ယနေ့ ပြည်သူများကို ကယ်ထုတ်နေစဉ် ပြည်သူများအတွက် အသက်ပေးသွားသည့် သူရဲကောင်း ရဲဘော် ကိုနိုင်လင်းသည် ဖယ်ခုံမြို့နယ်၊ ရမ်းခူ (မူလွန်) ကျောင်းက မူလတန်းပြ ဆရာတဦးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလ CDM လုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသူ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့က ” ကျွန်တော်သည်Civil Disobedience လုပ်ကြသော ပြည်သူ့ ၀န်ထမ်းများနှင့်အတူ ရပ်တည်သွားပါမည်။ ထို့ကြောင့် ယနေ့ (၅.၂.၂၀၂၁) မှစ၍ မိမိတို့တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရအား စစ်အာဏာရှင်များ မတရားသဖြင့်သိမ်းယူထားသော အာဏာသိမ်းမှုကို ပယ်ဖျက်၍ အာဏာပြန်လည်လွှဲအပ်သည်အထိ ကျွန်တော်သည် မူလွန် -ရမ်းခူ ကျောင်းနှင့် သက်ဆိုင်သည့် ပညာရေးအလုပ်များကို သွားရောက်မလုပ်ဆောင်ပါ။ ကျောင်းများပြန်လည်ဖွင့်သည်အထိ အာဏာသိမ်းမှုမပြီးပါကလည်း ပညာရေးတာဝန်များကို သွားရောက်လုပ်ဆောင်မည်မဟုတ်ပါ” ဟု ကိုနိုင်လင်းက လူမှုကွန်ယက်မှာ ရေးသားပြီး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

ယနေ့ မိုင်းလုံးတိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအဆုံးများခဲ့ကြောင်း၊ ဒေသခံပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ထောင်းချီထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒဏ်ရာရရှိသူများရှိပြီး၊ ကိုနိုင်လင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *