အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ယနေ့ နံနက် ၁၂ နာရီမထိုးမီက အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး အစီအမံများနှင့် အင်းစိန်ထောင်တွင်း လှုပ်ခတ်မှု ဖြစ်နေကြောင်း သိရသည်။

” အခုထောင်ထဲကို လုံခြုံရေးအဝင်အထွက် ရှုပ်နေတာ တွေ့တယ်၊ ရဲအချုပ်ကားကို သံလိုက်နဲ့ကပ်ပြီး ထည့်ပေးလိုက်တာလဲ ကြားတယ်၊ ရဲမေတွေက စတွေ့တာလို့ပြောနေကြ၊ သေချာကတာ အဝေးထိန်းဗုံးတွေ့လို့ ရှုပ်ယှက်ခက်နေကြတာ၊ ” ဟု အင်းစိန်ထောင်အနီး ရောက်ရှိနေသည့် ပြည်သူတဦးက ပြောသည်။

အင်းစိန်ထောင်တွင်းက ကင်းတဲများ၊ ထောင်မကြီးဘေးနှင့် သီးသန့်ထောင်ဘက် ညွှန်မှူးအိမ်ရှေ့တို့တွင် ဝပ်ကင်းများ၊ သဲအိတ်များစသည့် လုံခြုံရေး အစီအမံများ ပြုလုပ်ထားကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင် ထောင်ပိုင်နှင့် အဆောင်မှူးတချို့သည့် အာဏာမက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်နေသည့်အတွက် မကျေနပ်သူများရှိကြောင်း၊ အင်းစိန်ထောင်မှာ ယခုနှစ်အတွက် ရိုက်နှက်ခံရမှုကြောင့် သေဆုံးသူများပါ ရှိနေကြောင်း၊ နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ပြည်သူ တချို့ ရိုက်နှက်ခံရမှုများ၊ ဆေးကုသခွင့် မရသူများ၊ တိုက်ပိတ်ခံရသူများ ရှိကြောင်း သိရသည်။

Red News Agency

By Editor