နွေဦးတော်လှန်ရေး

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ စစ်အာဏာရှင်ဆန့်‌ကျင်ရေး ပါဝင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ယနေ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ပြည်သူ့အစိုးရ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အကြမ်းဖက်အာဏာသိမ်းအဖွဲ့က (၁၁) ‌လ ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီး ယနေ့တွင် အဂတိလိုက်စားမှု (၃) မှုဖြင့် တမှုကို (၆) နှစ် စုစုပေါင်း (၁၈) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။ Red News Agency
Read More
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ (၁၁) လကျော်ကြာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နှင့် ယနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် (၁)နှစ်အမိန့်ချလိုက်ကြောင်း သိရသည်။ Red News Agency
Read More
“ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

“ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ကျောင်းသားနှင့်ပြည်သူများပူးပေါင်းသည့် စစ်ကိုင်းတိုင်စ၊ ဆားလင်ကြီးမြို့နယ်၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းက "ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်" ဟုဆိုကာ ယနေ့ နံနက်ပိုင်းက ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဓာတ်ပုံ : ပေးပို့ CJ Red News Agency
Read More
လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

"LDF တွေဆိုတာ မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နေတဲ့ကောင်တွေဆိုတော့ စစ်ရေးအတွေ့အကြုံတွေ လက်နက်တီထွင်တာတွေ ပိုကောင်းလာတာတော့ အမှန်ပဲ။ ဒီကောင်တွေက လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူပဲ သူတို့နယ်မြေကိုပဲ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေကြတာ။ စစ်ကိုင်းတိုင်းရဲ့ ဒေသတော်တော်များများက လွတ်မြောက်နယ်မြေမဟုတ်ပေမယ့် လွပ်လပ်နယ်မြေအဆင့် ရောက်ကုန်ပြီ" တော်တော်ကြာခဲ့ပြီ .....ကနီနယ်ထဲမှာ လက်နက်စမ်းသပ်ရင်း မတော်တဆဖြစ်ပြီး လူငယ်လေး ၂ ယောက် ကျဆုံးသွားခဲ့တယ်။ အဲဒီအကြောင်း သတင်းကြားပေမယ့် ထုတ်မရေးဖြစ်ခဲ့ဘူး။ အဲဒီတုန်းကတော့ လုံခြုံရေးအခြေအနေအရပေါ့။ ပြောရရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်မလာပဲ ကိုယ့်ဒေသအလိုက် ကိုယ်လုပ်စရာရှိတာ လုပ်နေတဲ့ တပ်ဖွဲ့တွေအများကြီးပဲ။ တပ်ဖွဲ့ဆိုတာက ကျေးရွာတခုချင်းဖြစ်ဖြစ် ကျေးရွာအုပ်စုလိုက်ပဲဖြစ်ဖြစ် စစ်သင်တန်းတွေတက် စုဖွဲ့ထားတဲ့ တပ်ဖွဲ့တွေကိုပြောတာ။ နာမည်တောင် တပ်မထားကြဘူး။ ဆိုရှယ်မီဒီယာပေါ်ဘာကြောင့်တက်မလာတာလဲဆိုတော့ အရှင်းဆုံးပြောရရင်…
Read More
ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။ " ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်" စစ်ကောင်စီအဖွဲ့က…
Read More
အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ဒီဇင်ဘာလအထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်များနှင့်အတူ (၅၀) နီးပါး အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောကြားထားသည်။ " ဒီလိုအမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လဲပျူငှါစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွားချင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဥ်ပေးပါတယ်"…
Read More
နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁)…
Read More
ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။ Photo: MDF Special Force…
Read More