ညီနောင်မဟာမိတ်

“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး)သည် ယနေ့ ၅ ရက်မြောက်နေ့အတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ "ချင်းရွှေဟော်" နှင့် "ဖောင်းဆိုင်" မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်‌ရေး နှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရကြောင်း၊ ယနေ့တွင်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ AA နှင့် KIA တို့ ပူးပေါင်းပြီး နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ…
Read More
TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More