နမ့်ခမ်းမြို့ထဲ TNLA ရဲဘော်များ ဝင်ရောက်လာ 

RNA_ဖေဖော်ဝါရီ ၄ ရက်၊၂၀၂၂ ခုနှစ်။

Photo: TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့မဈေးနှင့်အနီးဝန်းကျင်မှာ ယနေ့ နံနက် ၉ နာရီဝန်းကျင်ကစပြီး တအာင်းတပ်မတော် TNLA ရဲဘော်များ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြောင်း သိရသည်။

Photo: TNLA

TNLA မြို့ထဲရောက်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြပြီး၊ မြို့မဈေးက ဈေးသည်များ ဆိုင်ပိတ်သိမ်းနေကြကြောင်း၊ ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အထိ ပစ်ခတ်မှု မရှိကြောင်း ဒေသခံတွေထံက သိရသည်။

Photo: TNLA

နမ့်ခမ်းမြို့တွင် TNLA က အခွန်ကောက်‌ခံသည့် အလုပ်များ လုပ်နေကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့က အခွန်ကောက်ခံလာသည့် TNLA တပ်သား ၂ဦး မြို့မဈေးထဲမှာ ပစ်သတ်ခံရပြီး သေဆုံးသည့်အတွက် ဇန်နဝါရီ ၅ ရက်နေ့မှာ တအာင်းတပ်မတော်က မြို့ထဲဝင်ရောက်လာတာကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

Red News Agency

By Editor