အင်းစိန်ထောင်

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။ ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ…
Read More
အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

အကျဉ်းထောင်တွင်း ဆန္ဒပြခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့်အတွက် သေဆုံးခဲ့ရ 

RNA_ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုအောင်အောင် ဆေးကုသခွင့်မရသည့် အခြေအနေများကြောင်း ထောင်တွင်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က ဆန္ဒပြကြရာနှင့် ယင်းနေ့ ညပိုင်းတွင် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသူများထဲတွင် ကိုအောင်အောင်ပါဝင်ခဲ့ကြောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများနှင့် တိုက်ပိတ်ခံရမှုအတွင်း ဆေးကုသခွင့်တောင်းသော်လည်း မရရှိခဲ့ကြကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ (more…)
Read More
အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ယနေ့ နံနက် ၁၂ နာရီမထိုးမီက အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး အစီအမံများနှင့် အင်းစိန်ထောင်တွင်း လှုပ်ခတ်မှု ဖြစ်နေကြောင်း သိရသည်။ " အခုထောင်ထဲကို လုံခြုံရေးအဝင်အထွက် ရှုပ်နေတာ တွေ့တယ်၊ ရဲအချုပ်ကားကို သံလိုက်နဲ့ကပ်ပြီး ထည့်ပေးလိုက်တာလဲ ကြားတယ်၊ ရဲမေတွေက စတွေ့တာလို့ပြောနေကြ၊ သေချာကတာ အဝေးထိန်းဗုံးတွေ့လို့ ရှုပ်ယှက်ခက်နေကြတာ၊ " ဟု အင်းစိန်ထောင်အနီး ရောက်ရှိနေသည့် ပြည်သူတဦးက ပြောသည်။ (more…)
Read More
ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့ကို အင်းစိန်ထောင်သီးသန့်ပြောင်းထား

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ (၃) ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ပြီးနောက် အင်းစိန်အကျဉ်းထောင် VIP များသာထားရှိသည့် ၅ တိုက် (ခ) စက်ချုပ် မှာ အတူတူထားရှိကြောင်း သိရသည်။ သီးသန့်အချုပ်ဆောင်တွင် ထားရှိစဉ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ အခြားသရုပ် ဆောင်နှင့်အဆိုတော်တချို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃) နှစ်စီ ကျခံခဲ့ကြရကြောင်း၊ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅(က)နှင့် မတရားအသင်းဆက်သွယ်မှု…
Read More
အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ်…
Read More
HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

HD ထွက်လာသည့်အမျိုးသမီးထောင်မှူး စစ်ဆေးခံနေရ

"အင်းစိန်ထောင်က ထောင်မှူးမ" အမည်နှင့် HD ထွက်လာသည့်အမျိုးသမီးထောင်မှူး ဝန်ထမ်းရေးရာက စစ်ဆေးနေ RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ် ဗိုလ်ကြီးတဦးနှင့် ချစ်ကြိုက်နေသည့် အင်းစိန်ကျဉ်းထောင်က အမျိုးသမီး ထောင်မှူးမနန္ဒာ (အမည်လွှဲ) လူမှုကွန်ယက်မှာ HDထွက်လာသည့်အတွက် ဌာနထိခိုက်သည်ဟုဆိုကာ အကျဉ်းဦးစီးဌာ ဝန်ထမ်းရေးရာက စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ အင်းစိန်အကျဉ်းထောင် ဝန်ထမ်းရေးရာက HD ထွက်လာသည့်အခါ ဌာနဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုကာ ပြီးခဲ့သည့် (၇) ရက်အတွင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။ "အင်းစိန်ထောင်က ထောင်မှူးမ" အမည်နှင့် HD ( ဟိုတယ်တခုရင် အတူနေခဲ့သည့်ရုပ်သံ) တခုကို လူမှုကွန်ယက်တွင် ယခင်ချစ်ကြိုက်ခဲ့သူ (ရည်းစားဟောင်း) က ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း၊…
Read More