06                                    
                                    
                                        Apr 
                                    
                                
                            
                        
                        
                    
                        RNA_ဧပြီ(၆)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ၊ စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အခွင့်အရေးရသော်လည်း အပစ်ရပ်ထားသည့်အတွက် မတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်-AA ကထုတ်ပြန်ထားသည်။ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာ ဧပြီလ (၂) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း ကြေညာသည့်နေ့မှစပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း မန္တလေးတိုင်း၊ ကွေးတိုင်း၊ ကရင်နီအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့မှုများပြုလုပ်ခဲ့သည့်အပြင်…                    
                                            
                                    
 
                             
                            