စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

ပြည်သူများ ပျော်ရွှင်‌နေပြီး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနေသည်ဟု အကြောင်းပြရန် စစ်ကောင်စီ ပြုလုပ်မည် သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှု မပြုလုပ်ကြရန်နှင့် ဆန့်ကျင်သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေးလိုက်ကြောင်း Bago Region PDF ကထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီက ၎င်းတို့၏အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်အား သပိ‌တ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က ဗဟိုမဏ္ဍပ်ကို ယနေ့  နံနက် (၅) နာရီခန့်က အသံမိုင်းခွဲ၍ သတိပေးထားသည်။

သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် အကြောင်းပြကာ စစ်ကောင်စီလက်အောက်ခံများက ပေါင်တည်မြို့နယ်တွင် ကံစမ်းမဲလက်မှတ်များပြုလုပ်ပြီး၊ ၎င်းတို့၏လက် အောက်ခံ ထွေ/အုပ်စာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများမှတဆင့် လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ Non CDM ဝန်ထမ်းအသီးသီးထံ လက်မှတ်များရောင်းချ၍ ဆက်ကြေးကောက်ခံခြင်းများ လုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ အကျိုးစီးပွားအဖြစ် အသုံးချကာ ပြုလုပ်မည့် သင်္ကြန်ကို ပြည်သူများ သပိ‌တ်မှောက်ရန်၊ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် ထုတ်ပြန်ထားကြသည်။

#RedNewsAgency

By Editor