အောင်မှူးဝေ

စာပြင်စာတည်း၏မှတ်စုများ

စာပြင်စာတည်း၏မှတ်စုများ

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။ အောင်မှူးဝေ ထားဝယ်_________ဤမြို့၏အမည်ကို မြန်မာစာများ၌ ဒါးဝယ်၊ထားဝယ်၊ဓားဝယ်ဟု အမျိုးမျိုး ရေးခဲ့ကြ၏။ထိုသို့ရေးကြခြင်းမှာ စကား၏ အကြောင်းအတ္ထုပ္ပတ္တိကို မသိသောကြောင့် ရေးကြခြင်းဖြစ်သည်။မြတ်စွာဘုရား ထားဝယ်မြို့သို့ကြွတော်မူသောအခါ တင်ပျဥ်ခွေထိုင်တော်မူ၏။တင်ပျဥ်ခွေထိုင်ခြင်းကို မွန်ဘာသာဖြင့် ဓဝဲါ ဟုခေါ်သည်။ဓဝိုင်ဟူ၍ အသံထွက်ရ၏။စာတွင် ဓဝဲါဟု…
Read More
သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

သူတစ်ပါးတို့အပေါ် အနိုင်မယူသင့်ဘဲ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းဖြစ်၏။အနိုင်ကျင့်ခြင်းသည် သားရဲတိရစ္ဆာန်တို့၏ နိုင်ရာစားအပြုအမူနှင့်ဘာမျှမခြားနားပေ။လူ့ဘောင်လူ့လောက၌ အနိုင်ရတိုင်းလည်း အခါခပ်သိမ်းကောင်းသည်မဟုတ်ပါ။ အောင်မှူးဝေ (၁) ကျွန်တော်တို့ ပုထုဇဉ်လောက၌ အနိုင်နှင့်အရှုံးသည် စကားများစွာပြော၏။နိုင်မှဖြစ်မည်၊ ရှုံး၍မဖြစ်ဟူသော အမှတ်တံဆိပ်ကို ဦးနှောက်မှာ၊စိတ်အသိမှာ ထင်းခနဲနေပြီးတစ်သက်လုံးစွဲအောင် ရဲရဲနီရိုးရာအသိတရားဖြင့် ရိုက်နှိပ်ပေးလိုက်၏။အနိုင်ရရေးသည် လူ့ဘဝအတွက် ကြီးမားသောအရေးပါအရာရောက်မှုဟု သေသည်အထိမှတ်စွဲသွားစေ၏။လူသားထုအတွက် လူ့သမိုင်းကို အနိုင်ရသူများသာ ရေးကြ၏။ဘာလုပ်လုပ် သူတစ်ပါးထက်သာရမည်။ဘယ်သူနှင့်ပြိုင်ပြိုင် မိမိသာနိုင်ရမည်။မိမိအနိုင်ရမှ အရာရာသည်ကောင်း၏။မိမိရှုံးလျှင် ဘယ်အရာမျှမကောင်း။ အနိုင်ရမည်သာဆိုလျှင်… တရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ၊မတရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ။အသေရသော အနိုင်ရမှုဖြစ်စေ၊အရှင်ရသော အနိုင်ရမှုဖြစ်စေ၊မသေမရှင်ရသော အနိုင်ရမှုဖြစ်စေ။လတ်ဆတ်သင်းမြသော အနိုင်ရမှုဖြစ်စေ၊သိုးပုပ်နံစော်သော အနိုင်ရမှုဖြစ်စေ။လှပသောအနိုင်ရမှုဖြစ်စေ၊ရုပ်ဆိုးသော အနိုင်ရမှုဖြစ်စေ။ ဘယ်လိုဖြစ်ဖြစ် နိုင်သည်ဆို ပြီးစတမ်းပင် ပုထုဇဉ်သဘာဝ မက်မောတတ်ပါ၏။ပုထုဇဉ်ဆိုရာတွင်အန္ဓပုထုဇဉ် များဖြစ်ကြသည့်- ၁။ ပသာဒမျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊…
Read More
မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

မြို့ကလေးရဲ့ အကိုက်အခဲပျောက်ဆေး

"ညီလေးရ စာပေသမားတွေရယ် စာအုပ်ဆိုင်တွေရယ်ဆိုတာ မြို့တစ်မြို့ရဲ့အကိုက်အခဲပျောက်ဆေးပဲကွ။ မြို့တိုင်းဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး အစရှိတာတွေနဲ့အစဉ်သဖြင့်ကိုက်ခဲနေတတ်တာကိုး။အကိုက်အခဲဖြေပေးဖို့ဆိုတာ စာပေသမားနဲ့စာအုပ်ဆိုင်တွေရဲ့တာဝန်ပေါ့ကွာ” ေ အ ာ င် မှူ း ေ ဝ (၁) ကျွန်တော်က သိပ်ကိုကျေးလက်ဆန်တဲ့ မြို့ပြင်ရပ်ကွက်ကလေးမှာ ကြီးပြင်းလာသူပါ။အခုလို မိုးရာသီဆို ကျွန်တော့်ရပ်ကွက်ကလေးကို စပါးခင်းကြီးတွေက ဝိုင်းထားတယ်။ဖိုးဖေဆလပ်လယ်ရေသွယ်မြောင်းနဲ့ ဖိုးထွန်းအေးလယ် ရေသွယ်မြောင်းတို့ကြားမှာ တာလမ်း။တာလမ်းဆိုတာ ကလေးမြို့-ကလေးဝလမ်းကိုပြောတာ။အေးပေါ့ အခုချစ်ကြည်ရေး လမ်းမကြီးပေါ့။ဘာစိန်ပန်းပင်မှမရှိသေးဘူး။ကြိမ်ချုံတွေ ၊ကုလားငေါက်ပင်တွေ၊ကိုင်းအုပ်တွေ၊ဇရစ်ရိုးပင်၊ပိန်းပင်ကလေးတွေ၊တစီတတန်းပေါက်ရောက်နေတယ်။ဖောင်ကူးရွာဟောင်းမရောက်ခင် လမ်းဘေးမတော့ ပေါက်ပင်ကြီး နှစ်ပင်သုံးပင်၊ဘယ်ဘက်ယိမ်းတဲ့အပင်ယိမ်း ညာဘက်ယိမ်းတဲ့အပင်ယိမ်းလိုက်လို့။တာလမ်းကလည်း ကျောက်ကြမ်းလမ်းသာသာ ကတ္တရာပါလေရုံလမ်းပဲ။ ကျွန်တော့်အိမ်ရှေ့မှာ ကလေးမြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်ရှိတယ်။ဆိုင်းဘုတ်က နှစ်ဖက်။တစ်ဖက်မှာ ကလေးမြို့မှနှုတ်ခွန်းဆက်သပါ၏လို့ရေးထားတယ်။တစ်ခါတလေ အဝါရောင်ဆေးတွေသုတ်ထားကြတယ်။တစ်ခါတလေလည်း အပြာအစိမ်း၊ညားသလိုသုတ်တဲ့ဆေးရောင်တွေပါပဲ။တာလမ်းနဲ့ကျွန်တော့်အိမ်ကြားမှာပေလေးဆယ်လောက်မြက်ခင်းကလေးခြားထားတယ်။ဆင်ငိုမြက်တွေပေါက်နေတာပဲ။ဆိုင်းဘုတ်နဲ့မြက်ခင်းနဲ့ ပနံတော့ ရတယ်။အခုနေပြန်တွေးရင် တောရှုခင်းပန်းချီကားတစ်ချပ်လိုပါပဲ။ ဆိုင်းဘုတ်အောက်ခြေမှာ အုတ်ခုံရှိတယ်။ဆိတ်ကျောင်းသားတွေ အပျင်းပြေကျောက်ခဲနဲ့ထုကြလွန်းလို့ ပဲ့တဲ့နေရာက ပဲ့နေတယ်။ကျောက်ခဲကလည်း ဝေးဝေးလံလံရှာရတာမှမဟုတ်ဘဲ။လမ်းပေါ်တင် ပြည့်လို့။ဆိုင်းဘုတ်အုတ်ခုံဟာ လသာတဲ့ညတွေမှာများကြည့်မိရင် ဘုရားဒကာတစ်ယောက်ယောက်ရဲ့အုတ်ဂူနဲ့တူသလိုလိုပါပဲ။တာလမ်းပေါ် အာရ်တီစီကားတွေ သစ်ထုတ်ရေးဟီးနိုးကားတွေ ဖြတ်မောင်းသွားကြတယ်။တစ်ခါတလေတောက ဆင်တွေ တက်လာတာလည်းတွေ့ရတတ်တယ်။မနက်အစောပိုင်းဆိုရင် ဖောင်ကူးရွာဘက်က ငါးသည်တွေ စကားတပြောပြောနဲ့မြို့ထဲ ငါးရောင်းလာကြတာလည်း တွေ့ရတတ်တယ်။ခေါင်းပေါ်မှာ အိုးတွေအများကြီး ဆင့်ရွက်ထားတဲ့အိုးသည်မတွေလည်း မြို့ထဲဝင်လာကြတာတွေ့ရတတ်တယ်။ညနေပိုင်းဆိုရင်တော့ အခင်းတော လယ်တောက ပြန်လာတဲ့ လှည်းတွေ တအီအီမောင်းလာကြတာတွေ့ရတတ် တယ်။လှည်းပေါ်မှာ မိုးခါဆို မြက်ထုံး၊ဆောင်းခါဆို ကောက်ရိုး ပဲရိုးတွေ တင်တင်လာကြတယ်။လှည်းနောက်မှာ ခွေးတစ်ကောင် နှစ်ကောင်က ခပ်သုတ်သုတ်လိုက်လို့။…
Read More
သုခမြားမြောင် လူတို့ဘောင်

သုခမြားမြောင် လူတို့ဘောင်

” ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းထဲ၌ ဇာတ်တူသားစားသော လူစုတ်များကို တွေ့ရသည်။နိုင်ငံကောင်းစားဖို့ထက် ငါကောင်းစားဖို့ကို ပိုဦးစားပေးသူများလည်း တွေ့ရ၏။နိုင်ငံအတွက် အလုပ်လုပ်ဖို့ထက်၊နိုင်ငံရေးလုပ်ကွက်က ရရှိလာမည့်အကျိုးအမြတ်ကို ကောက်ရိုးလှည်းနောက်က တကောက်ကောက်လိုက်နေ့သည့် နွားငတ်လို တစ်မျှင်ရတစ်မျှင်စား လုပ်နေသောငနွားတွေသာ နေရာတကာ တစိုးတမိုးတွေ့လာရသည် “ အောင်မှူးဝေ ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ကိုဗစ်၁၉ကြောင့် အိမ်ထဲအောင်းရချိန်ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။အိမ်ဝင်းထဲက ရေကန်ထဲမှာ ငါးမျိုးစုံထည့်မွေးထားသည်ကို သတိရသဖြင့်ပျော်သွားသည်။ ” ငါးမျှားမယ်” ငါးမျှားတံ၌ငါးမျှားကြိုးငါးမျှားချိတ်တပ်နေသည့် ကိုမောင်မောင်ငြိမ်းချမ်း၏ ပြောင်လျက်ဝင်းလျက်ရှိနေသော နဖူးကြီးကိုကြည့်ပြီး သူ့မိန်းမက တိုးတိုးရေရွတ်၏။ ” ဝေဘါဂီကို ပို့လိုက်ရင် ဆံပင်တွေများပြန်ပေါက်လာလေမလား” ကိုမောင်မောင်ငြိမ်းချမ်းတစ်ယောက် ငါးမျှားတံပြင်ဆင်ပြီး ခြံထဲဆင်းသွားသည်။သူ့မိန်းမက သူ့နောက်ကနေကြည့်နေ၏။ (more…)
Read More
သုခမြားမြောင်လူတို့ဘောင်

သုခမြားမြောင်လူတို့ဘောင်

ယနေ့ခေတ်တော့ ကောလာဟလကို ပါးစပ်ဖြင့်သာမက လက်ကပါ တောက်တောက်တက်တက်လုပ်၍ ပြောဆိုဖြန့်ဝေလာနိုင်သည်။ဖုန်းဘေလ်တစ်ထောင် ရှိလျှင် အတော်များများဖြန့်ဝေလာနိုင်၏။ကောလာဟလက လူကို အတော်ဒုက္ခပေးပါသည်။တမာရွက်ကျိုသောက်လျှင် ကိုဗစ်-၁၉ ကာကွယ်သည် ဆိုသောကောလာဟလကြောင့် ကျွန်တော့်မိတ်ဆွေ လင်မယား ဒုက္ခရောက်သွားကြရ၏ အောင်မှူးဝေ မိုက်ကယ်နှင့်တုံးတုံးတို့ လင်မယား ခေါင်းတုံး တုံးလိုက်ကြ၏။ ကိုဗစ်-၁၉ကို ကာကွယ်ကြဟန် တူသည်။သူတို့မျက်နှာကလေးတွေက နုနုငယ်ငယ်။ခေါင်းတုံးနှင့်လည်း လှကြ၏။တချို့ကျတော့ မျက်နှာရင့်ထော်နေရသည့်အထဲ ခေါင်းတုံး တုံးထားလိုက်လျှင် ကြောက်စရာကြီး ဖြစ် သွားတတ် သည်။ကျွန်တော့်သူငယ်ချင်း လွတ်လပ်မိုးနှင့်ကေဇော်မိုးတို့ဆိုလျှင် ခေါင်းတုံးနှင့်မလိုက်ပေ။နဂိုက ကျက်သရေတုံးရသည့်အထဲ ခေါင်းတုံးတုံးလိုက်တော့ လူညွန့်ပါတုံးသွားသယောင် ထင်ရ၏။ ကဗျာဆရာ(ကို)သစ်ငြိမ်းလည်း ခေါင်းတုံးနှင့်မလိုက်ပါ။သင်္ကန်းဝါဝါကြီးဝတ်ထားလျှင်ပိုဆိုးသည်။ဝါတော်တစ်ထောင်ရ မဟာဓားပြကထိကကြီးနှင့်သာ တူတော့၏။သင်္ကန်းအညိုကလေးနှင့် ဆိုလျှင်တော့ မဆိုးလှပေ။သူ့ကိုကြည့်ပြီး တစ်ခုတော့သိသွားသည်။ရုပ်ဆိုးတဲ့လူများ ဘာဝတ်ဝတ် မလှဘူးဆိုသော အသိပင်ဖြစ်၏။(တွယ်ရမှာပဲ ငါ့ညီလေးရယ်လို့…
Read More
သုခမြားမြောင်လူတို့ဘောင်

သုခမြားမြောင်လူတို့ဘောင်

”တီးကွက်နဲ့အတူလည်း မကနဲ့။ဘာနဲ့မှ မကနဲ့။နင်ဗိုက်ချောင်သွားရင် ထမင်းထပ်စားဦးမယ်မဟုတ်လား။ဆန်ကုန်တယ်။ကပ်ကြီးပြီးမှ ဝအောင်ကတော့ဟဲ့” အောင်မှူးဝေ [၁] ကိုရီနိုင်သည် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် အိမ်ထဲအောင်းနေရသည့်အချိန် ကြာသည်နှင့်အမျှ စိတ်ကယောက်ကယက်ဖြစ်လာ၏။မြင်မြင်သမျှ အလိုမကျ၊ကြားကြားသမျှ အလိုမကျ၊နံနံသမျှအလိုမကျ၊စားစားသမျှ အလိုမကျ၊တွေ့ထိသမျှ အလိုမကျ ဖြစ်နေသည်။ ” ဒီစာအုပ်တွေ ဒီနားထောင်ထားတာ အကြည့်ရဆိုးတယ်ဆိုတာ မသိဘူးလား ဟမ်။ဒီမိန်းမဟာ အသုံးကိုမကျဘူး” ” ဪ..ကိုကိုပဲ လူမြင်ကွင်းမှာမထားနဲ့ လူတွေက ငှားဖတ်ပြီး ပြန်မပေးကြဘူးဆို” ” လူတွေမှ ငွေရှာမရလို့ မွဲတော့မှာပါဆို ဘာကြောင့် နဂါးနီသီချင်းပဲ ထပ်ကာထပ်ကာဖွင့်နေရတာလဲ” “ဪ..ကိုကိုပဲ ဇမ္ဗူဒိပ်နိမိတ်ဆို၊ဒီသီချင်းနေ့တိုင်းဖွင့်ရမယ်ဆို” ” တောက်..ဒီအနံ့ကြီးက ဘာအနံ့ကြီးလဲ။အန်တောင် အန်ချင်လာပြီကွာ” ” ဪ..ကိုကိုကြိုက်လို့ ကိုကိုဝယ်လာတဲ့ ဂျာမနီပရုတ်လုံးနံ့လေ။ကြွက်ပြေးတယ်ဆို” ” ကောင်းကွာ…
Read More