အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။

ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။

“အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံများက ယနေ့ တောင်ငူထောင်မှ လွတ်မြောက်သွားသူများသည် စစ်ကောင်စီလက်အောက်ခံ နှစ်ဦးကို ပစ်ခတ်ခဲ့ရာ တဦးသေဆုံးသွားကြောင်း၊ ခြောက်လုံးပြူး ၁ လက်၊ G-3 ၁ လက်၊ ကာဘိုင်၁ လက်၊ MA-11 ၁ လက် ယူဆောင်သွားကြောင်း သတင်းများဖြန့်နေကြသည်။

ယနေ့ တောင်ငူထောင်အတွင်း ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံထံမှ သေနတ်လုကာ ပစ်ခတ် လွတ်မြောက်နေသူများမှာ ကိုချစ်မင်းသူ၊ ကိုဇင်ကိုကိုအောင်၊ သီဟအောင် ၊ ကိုခင်မျိုးကြည်၊ ကိုငြိမ်းချမ်းအောင်၊ ကိုအောင်ကျော်ဦး၊ ကိုဘုန်းညွှန့်ဇော်၊ ကိုစည်သူသန်းအေး၊ ကိုတိုးနိုင်ထွန်းနှင့် ကိုသန့်စင်တို့ဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသည် ပြည်သူများကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ၊ အကျဉ်းထောင်အတွင်း နှိပ်စက်မှုနှင့် အကြောင်းအမျိုးမျိုးပြကာ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း၊ ပခုက္ကူထောင်မှ နိုင်ငံရေး အကျဉ်းသားအချို့  ပြီးခဲ့သည့်နှစ်က ထွက်ပြေးလွတ်မြောက်ခဲ့ကြာင်း သိရသည်။

RedNewsAgency

By Editor