Tag: ယင်းမာပင်

  • ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    RNA_၂၈၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာကို စစ်ကောင်စီတပ် ဝင်စီးပြီးနောက် အနီးအနားဝန်းကျင်မှာ ပြည်သူ (၉) ဦးကို သတ်သွားပြီး၊ (၃) ဦးကိုဖမ်းကာ ဆိုင်ကယ် (၅၉)စီးနှင့် ကား ၄ စီး၊ နေအိမ် (၅) လုံးမီးရှို့ကာ ဘုန်းတော်ကြီးကျောင်းက ကွန်ပျူတာကို ဖျက်ဆီးသွားကြောင်း သိရသည်။

    “တပ်တွေက ဒီနေ့ထွက်သွားပြီ၊ အနီးဝန်းကျင်မှာ အလောင်း (၉) လောင်းတွေ့တယ်၊ ၂ လောင်းက နယ်ဝေးက၊ ဆိုင်ကယ် ၆၀ ပြောပါတော့ ၅၉ စီးမီးရှို့တယ် နေအိမ် ၅ လုံးပြာကျသွားတယ်။ ၃ ယောက်ကို လေယာဉ်နဲ့ခေါ်သွားတယ် ဖမ်းတာပေါ့၊ အခုတော့ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ၊ လောလောဆယ် ဒါပဲ သိရသေးတယ်၊ ရွာထဲပိတ်မိနေတဲ့ ကလေးတွေက အခြေအနေကောင်းပါတယ်” ဟု ယင်းမာပင်မြို့နယ်အခြေစိုက် ရိုက်မဖိုက်တာအဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

    PDF သင်တန်းဆင်းပွဲရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေယာဉ်နှင့်ရောက်ရှိလာပြီး ပစ်ခတ်ကာ ချင်းပုံးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝင်စီးပြီး တရွာလုံးကို ပိတ်ဆို့ခဲ့ကြောင်း၊ ယနေ့ မှသာ စစ်ကောင်စီတပ်များ ကျေးရွာကထွက်သွားကြောင်း သိရသည်။

    RedNewsAgency

  • PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

    PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

    RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

    ဓာတ်ပုံများကို ပေးပို့ CJ သည်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။

     

     

    Red News Agency

  • Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

    Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force တပ်ဖွဲ့က အမျိုးသမီး အင်အား ၅၀ ကျော်ပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို အခြေခံစစ်ပညာသင်တန်း ‌ဖေဖော်ဝါရီလ ၂ ရက်နေ့က အောင်မြင်စွာ ဆင်းပေးလိုက်နိုင်သည်။

    Hero Tiger Force အဖွဲ့သည် စစ်ကိုင်းတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်စစ် ဆင်းနွှဲနေသည်မှာ (၁၀) လအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မြိုင် မြို့နယ်များအထိပါ မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း Hero Tiger Force တပ်ရင်းမှူး ဗိုလ်ကျားကြီးထံက သိရသည်။

    [embedyt] https://www.youtube.com/watch?v=auiCIl9lEsk[/embedyt]

    Red News Agency

  • Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

    Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

    RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ကို ခုခံတွန်းလှန် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ယင်းမာပင်မြို့နယ် အခြေစိုက် Hero Tiger Force က ဦးစီးပြုလုပ်သည့် အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲတွင် PDF အလံတော်အား အလေးပြု၍ သွေးသစ္စာသီချင်းဖြင့် ချီတက်အလေးပြုခဲ့ကြပြီး၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများကလည်း အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

    Red News Agency

  • စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

    စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်၏ ပိတ်ပင်တားမြစ် ဖမ်းဆီးမှုများနှင့် လက်နက်မပြည့်စုံသည့် စစ်ကိုင်းတိုင်းအတွင်ူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည့် Mytel တာဝါတိုင်များကို အသုံးပြုပြီး လက်နက်ထုတ်လုပ်ရေးများတွင် အသုံးချနေကြောင်း သိရသည်။

    ” မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။ အသာယာလဲချပြီ လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်” ဟု YOMA Fighter အဖွဲ့က ပြောကြားထားသည်။

    လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း၊ လက်နက်ကြီး စသည်တို့ကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်သည့် အနေအထားရောက်နေသည့် စစ်ကိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြောင့် စစ်ကောင်စီတပ် အထိနာနေပြီး လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းမှတပ်သားများကို သယ်ယူအသုံးပြနေကြရကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လက်လုပ်မိုင်းများကြောင့် စစ်ကောင်စီတပ်က အများအပြား သေဆုံးနေကြရကြောင်း သိရသည်။

    Red News Agency

  • ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။

    ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

    (more…)

  • ရိုးမဖိုက်တာတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ 

    ရိုးမဖိုက်တာတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ 

    RNA_ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ရိုးမဖိုက်တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YOMA Fighter PDF- Yinmabin) အနေဖြင့် လက်နက်ကြီး လက်နက်ငယ်အပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    ” ကျနော်တို့ အင်အားအများအပြား ရှိနေပြီး ပစ္စည်းအစစ်ကတော့ လိုနေတာပေါ့၊ အခုက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်၊ လိုနေတာက လူအင်အားမဟုတ်တော့ဘူး လက်နက်လိုနေတာပါ။ အဖွဲ့ထဲမှာထုတ်နေတာရှိတယ် လက်လုပ် လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး လက်နက်ငယ် မိုင်းနဲ့ (၈) မျိုးလောက်ရှိတယ်။ အခုဆိုရင် နယ်ထဲမှာ စခတွေ အင်အား တော်တော်များများလာချနေပြန်ပြီ ၊ လက်နက်တွေ လိုနေပါတယ်၊ လက်လုပ်မိုင်းတွေက စောစောကတော့ ခက်ခဲတယ် ယမ်းစင်လို့ ဒဏ်ရာရကြတယ်၊ အခုကတော့ မခက်ခဲတော့ဘူး လုပ်နေတာ အသားကျသွားပြီ ” ဟု YOMA Fighter PDF- Yinmabin က တာဝန်ခံ တဦးက ပြောထားသည်။

    (more…)

  • အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

    အသက်တစ်ရာကျော် တောင်ယာလုပ်သားကြီးရဲ့ ဘဝသံသရာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျွဲကျ(အထက်)ကျေးရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ကိုင်နေသည့် အသက်တစ်ရာကျော် လယ်သမားကြီးတစ်ယောက်ရဲ့ ဘဝသံသရာ။[embedyt] https://www.youtube.com/watch?v=bdcS_thKyC8[/embedyt]

    ရိုက်ကူး – ကိုကိုလွင်
    Red News Agency