ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

RNA_မတ် ၂၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး ကျဆုံးခဲ့ရသည့် သွေးကြွေးအနေဖြင့် ဒီးပဲယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ကြပြီး ယနေ့ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း၊ အလေးပြုခြင်းစသည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြရကြောင်း၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်တောလေး၊အင်ပင်စသည့် ကျေးရွာနေပြည်သူ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဒီပဲယင်း ရဲစခန်းကို အဝေးပစ် ဒုံး များဖြင့် ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးမှုရှိကြောင်း၊ ယနေ့နံနက်မှာ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း၊ ရဲစခန်းကို ဒီပဲယင်း အခြေစိုက် ကောင်းကင်၊စွယ်တော်၊ဇာမဏီ တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

RedNewsAgency

By Editor