သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း

RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။
 
ရန်ကုန်မြို့လယ်တဝိုက်တွင် နှစ်စဉ်နှစ်တိုင်း သင်္ကြန် စည်ကားနေသည့် နေရာများတွင် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်ကို ပြည်သူများမပူးပေါင်းသည့်အတွက် ယနေ့ (သင်္ကြန်အကျ) နံနက်ပိုင်း (၉) နာရီကျော်က လမ်းမပေါ်တွင် ရေကစားသူမရှိကြောင်း သိရသည်။
 
စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုမရှိကြောင်း၊ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများက စစ်ကောင်စီကိုလက်မခံသည့်အတွက် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင်လည်း ပူးပေါင်းပါဝင်မှုမရှိကြောင်း သိရသည်။

မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးနှင့် တချို့သော မြို့များတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို မလာမနေရစနစ်ဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာအလိုက် ယိမ်းအဖွဲ့များကို မထွက်မနေရ ဖိအားပေးပြီးလုပ်ဆောင်မှုများရှိကြောင်း၊ စစ်ကောင်စီဝန်ထမ်းများပြုလုပ်သည့် မဏ္ဍပ်များကို ပြည်သူများသွားရောက်ပျော်ပါးခြင်းမရှိကြောင်း သိရသည်။
 
#RedNewsAgency
By Editor