ဆန္ဒပြပွဲ

မီးလောင်ပြင်တစ်နေရာမှ ကုလအတွင်းရေးမှူးချုပ် မစ္စနိုလင်းဟေဇာထံ တောင်းဆို

မီးလောင်ပြင်တစ်နေရာမှ ကုလအတွင်းရေးမှူးချုပ် မစ္စနိုလင်းဟေဇာထံ တောင်းဆို

RNA_ဩဂုတ်၁၇၊၂၀၂၂ခုနှစ်။ How money dead bodies UN need to take action ? စာသားကိုကိုင်ဆောင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ စစ်ကောင်စီတပ် မီးရှို့သွားသည့် မီးလောင်ပြင်တစ်နေရာမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အနေဖြင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှမရပ်တည်ဘဲ မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန်အတွက် တောင်းဆိုခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ RedNewsAgency
Read More
ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ "ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့" ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။ ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် " 'မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

“ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်နှင့် လက်ပါးစေများကို "ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး" စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ် ဝမ်းနည်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။ အာဇာနည် မြသွဲ့သွဲ့ခိုင်၊ နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍမှ အသက်ပေးကျဆုံးသွားသည့် အာဇာနည်အပေါင်းအား ၀မ်းနည်းဂုဏ်ယူကြောင်း နှင်းဆီပန်းအနီများ လက်တွင် ကိုင်ဆောင်ပြီး ခတ္တမျှ ငြိမ်သက်အလေးပြုကာ ထိုအသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းများထုံးကို နှလုံးမူ၍ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။ (more…)
Read More
စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

ညနေနှင့်ညပိုင်း စစ်အာဏာရှင်တော်လှန်နေသည့် ကျေးရွာသားများ

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ကျေးရွာနေပြည်သူများက နံနက်ပိုင်း ဝမ်းစာရှာပြီး ညနေပိုင်းနှင့်ညပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာအတွင်းချီတက်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More