11
Jul
RNA_ဇူလိုင်(၁၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြိုင် - ပခုက္ကူလမ်းပိုင်းရှိ စစ်ကောင်စီစခန်းချနေထိုင်သော စီမံကိန်းရုံးကို PDF တပ်ဖွဲ့များက ဇူလိုင် ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်မှုအောင်မြင်ခဲ့ပြီး စစ်သုံ့ပန်း (၁၂) ဦးဖမ်းဆီးရမိသည်ဟု တမာမြေပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စီမံကိန်းရုံးကို ဇူလိုင် ၉ ရက်နေ့က ဒေသခံတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တစ်နေ့ကုန်နီးပါး (နံနက် ၄ နာရီကျော်မှ ည ၇ နာရီ) တိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားများလည်းသေဆုံးမှုရှိသည့်ပြင် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)