ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)

ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။ "ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်" ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
Read More
ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း 96 Soldiers - PDF (အညာဒေသ) တပ်ခွဲမှ ရဲဘော်ငယ်ထွေး (ခ) ယောက်လုံးသည် ဇွန်လ (၁၉) ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။ ကန့်ဒေါင့်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှီ အင်မထီးရွာမှ ထွက်လာသော ပျူနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲရှိသည့်အတွက် ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျနေသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်နေ့တွင် မဟာမိတ်များနှင့်အတူ…
Read More
အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ထံမှ သိရသည်။   အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁…
Read More