စကုမြို့နယ်

မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

မြစ်အရှေ့ဘက်ခြမ်း စစ်ရေးအားကောင်းလာစေရန် ရွေ့လျားစစ်ကြောင်းများ လှုပ်ရှားနေ

RNA_ ဇန်နဝါရီ(၂၂)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မြစ်အရှေ့ဘက်ခြမ်းမြို့များဖြစ်သော မကွေးမြို့၊ ရေနံချောင်းမြို့စသည့်ဘက်များတွင် စစ်ရေးအားကောင်းလာစေရန် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရွေ့လျားစစ်ကြောင်းများအသုံးပြုပြီး နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားနေကြောင်း သိရသည်။ မြစ်အရှေ့ဘက်ခြမ်းဖြစ်သော ရေနံချောင်းမြို့နှင့် မကွေးမြို့အတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ရွေ့လျားစစ်ကြောင်းတစ်ခုဖြစ်သော Midland Dolphins Column (မြေလတ်လင်းပိုင်စစ်ကြောင်း) ကလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းရွေ့လျားစစ်ကြောင်းသည် နယ်မြေအတွင်း ရောက်ရှိလာသည်မှာ (၂) ဝန်းကျင်သာရှိသေးသည်ဟု သိရသည်။ (more…)
Read More
ပုသိမ် – မုံရွာလမ်း စိုးမိုးနိုင်ရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံမည်ဟု ပွင့်ဖြူ PDF ပြော

ပုသိမ် – မုံရွာလမ်း စိုးမိုးနိုင်ရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံမည်ဟု ပွင့်ဖြူ PDF ပြော

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။ မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားသွားသည့် ပုသိမ် - မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးရေး ရရှိရန် လုပ်ဆောင်နေမှုများကို အပြင်းအထန် ခုခံသွားမည်ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force - Pwintbyu)က ပြောကြားထားသည်။ "ရွှေစက်တော်ဘုရားပွဲကလည်း စဖို့ ဘုရားငွေမျှော်နေသူတွေက ဆိုင်းပြင်းနေကြပြီ။ ဒီဘုရားပွဲစတင်နိုင်ဖို့အတွက် မီးရှို့ခံရတဲ့ ကျေးရွာတွေလည်းရှိတယ်။ ရွှေစက်တော်က ဒုတိယဝင်ငွေအကောင်းဆုံးမလို့ စစ်ကောင်စီက မရရအောင်ဝါသဝရဲ့ပျူတွေနဲ့ လမ်းကြောင်းတစ်​လျှောက်စစ်ကြောင်းပြင်ဆင်မှုတွေလုပ်နေပြီ" ပွင့်ဖြူ PDF ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ "စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်" ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။ (more…)
Read More