Tag: KPDF

  • ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုသည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)မှ ပြည်သူ့သူရဲကောင်းအဖြစ် အလေးနီပြု မှတ်တမ်းတင်အပ်ပါသည်ဟု DMO-PDF ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်နီပြည် ( ကယား) ဒီးမာ့ဆို၊ လွိုင်ကော်စသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ KA၊ KDZ Army ၊ KPDFစသည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ကို အသက်စွန့် တိုက်ခိုက် နေကြကြောင်း၊ စစ်ကောင်စီတပ် အသေအဆုံးများသည့်အလက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ကြဆုံးရပြီး တသိန်းကျော် စစ်ဘေးရှောင် နေကြရ ကြောင်း သိရသည်။

    Red News Agency

  • လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

    လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

    RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့နှင့်ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်တဦးပါအဝင် တပ်သား (၃၀) သေဆုံးခဲ့ပြီး၊ လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ်တစီးပစ်ချခံရကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

    ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ ယနေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် (၁၁) လက်နှင့်လက်နက်ကြီးကျည်၊ လက်နက်ငယ် ကျည်အချို့ကိုကို တိုက်ပွဲအတွင်း KNDF ကသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

    “အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်” ဟု ယနေ့ညတွင် KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

    ထီးမယ့်ဝါးခီးနှင့် မဲ့ထော်သလေး အနီးတိုက်ပွဲတွင် ဆေးမှူး ရဲဘော်တဦး ကျဆုံး 

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမမြို့တောင်ဘက် တိုက်ပွဲပြင်စထန်နေသည့် ထီးမယ်ဝါးခီးကျေးရွာနှင့် မဲ့ထော်သလေးကျေးရွာအကြား ယနေ့ တိုက်ပွဲတွင် ပြည်သူ့ဘက်တော်သား ဆေးမှူး ရဲဘော် တဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    “ဒီနေ့တိုက်ပွဲမှာ KNLA တပ်ရင်းတခုက ဆေးမှူးကျတယ်လို့ပြောတယ်၊ PDF လို့လဲပြောကြတယ် အခုက ဘယ်အဖွဲ့ပါလို့ အတည်ပြုဖို့ ခက်နေသေးတယ်၊ ကျတာကတော့ မှန်တယ်၊ တယောက်က ဒဏ်ရာရတယ်၊ အခုဆေးကုဖို့ တိုက်ပွဲနဲ့ကင်းတဲ့နေရာ ပို့ထားလိုက်ပြီကြားတယ်၊ တိုက်ပွဲကတော့ ပြင်းထန်တယ် ၊ စခတွေက လေယာဉ်နဲ့ပါလာပစ်တာလေ” ဟု တိုက်ပွဲအခြေအနေစောင့်ကြည့်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

    KNLA၊ PDF နှင့်ပူးပေါင်းတပ်တို့က ယနေ့‌နံနက် အစောပိုင်းမှစတင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အထိခိုက် အသေအဆုံးများသည့် စစ်ကောင်စီတပ်က အဝေးမှနေ၍ လက်နက်ကြီးနှင့်ဘပတ်ခတ်နေသလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    Red News Agency