အသံတိတ် သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကာ သေဆုံးသူများရှိ

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

ဓာတ်ပုံ: ဒေသခံ

ယနေ့ ကျရောက်သည့် စစ်တပ်အာဏာသိမ်း နှစ်ပတ် လည်နေ့ အများပြည်သူများ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေကြစဉ် လမ်းပေါ်ထွက်လာသည့် တာချီလိတ်မြို့ အာဏာသိမ်းစစ်တပ်ထောက်ခံသူများ ဗုံးကွဲကွာ အနည်းဆုံးနှစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း သိသည်။

ပြည်သူများ နေအိမ်အတွင်း နေထိုင်ကာ အသံတိတ်သပိတ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အလိုမရှိကြောင်း ထုတ်ဖော်ပြသခဲ့ကြကြောင်း၊ နေပြည်တော်နှင့် တာချီလိတ်မြို့က ကြံ့ခိုင်ရေးပါတီထောက်ခံသူနှင့် ဝန်းရံသူ စစ်တပ်ထောက်ခံသူများကသာ အာဏာသိမ်းမှုကို ထောက်ခံကြောင်း လူတချို့ လမ်းပေါ်ထွက်ဆန္ဒပြချိန်၊ စစ်အာဏာရှင်အလိုမရှိသူများအားလုံး နေအိမ်တွင်းသပိတ်တိုက်ပွဲဝင်နေချိန် ဗုံးကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

ဓာတ်ပုံ: ဒေသခံ

စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများအပါအဝင် ပြည်သူ ၁၅၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားကြောင်း၊ ခုခံတွန်းလှန်စစ် ဆင်နွှဲနေသည့် ဒေသများတွင်လည်း လေကြောင်းအသုံးပြုခြင်း၊ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ နေအိမ်များနှင့် ရွာလုံးကျွတ်နီးပါး မီးရှို့မှူများကို စစ်ကောင်စီတပ်က ပြုလုပ်နေကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့်တို့တွင် နွေဦးတော်လှန်ရေး ခုခံတွန်းလှန်စစ် အားကောင်းနေကြောင်း၊ကရင်နီပြည်တွင် ၉၀ ရာခိုင် နှုန်းနှင့်ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည် နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အသက်ရောက်သည့် နယ်မြေများ ရှိလာပြီဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor