နွေဦးတော်လှန်ရေး စာလုံးပုံဖော်ကာ မြောက်ဥက္ကလာတွင် ဖရောင်းတိုင်ထွန်း ဆန့်ကျင်ဆန္ဒပြခဲ့ကြ

RNA- မတ် ၁၃ ရက်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း ယနေ့ ညဦးပိုင်းက နွေဦးတော်လှန်ရေး စာလုံးပုံဖော်ပြီး ဖရောင်းတိုင်မီးများထွန်းကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်သုံး ဖြိုခွင်းခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ထိ ၇၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မတ်လ ၃ ရက်နေ့က စစ်တပ်နှင့်ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၈ ဦးသေဆုံးခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူ့အစိုးရထံမှ စစ်တပ်အာဏာသိမ်းယူခဲ့ပြီး ရက်ပေါင်း ၄၁ ရက် အတွင်း( မတ်လ ၁၃ ရက်နေ့အထိ) သေဆုံးသူ ၇၀ ကျော်ရှိပြီး၊ AAPP စာရင်းများအရ ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor