နတ်ရေကန်

တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး ဗိုလ်ကြီး (၂) ဦးအပါအဝင် (၁၈) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ပဒါန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲဘော်များပါဝင်သော မဟာမိတ်များနှင့် တိုက်ပွဲ (၂၃) ကြိမ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် (၆၃) ဦးသေဆုံးပြီး၊ ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက် အပါအဝင် (၁၈) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၂၃) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ (၆၃) ဦးသေဆုံးပြီး အရှင် (၁၈) ဦးဖမ်းဆီးရမိခဲ့သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

အာရက္ခတပ်တော်၏ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်များနှင့်တကွ ဖမ်းဆီးရမိ

RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား အာရက္ခတပ်တော် - AA မှာ ထိုးစစ်ဆင်နေသည့်အတွက် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (၂၃) ဦးကို လက်နက်ခဲယမ်းများနှင့်အတွ ချင်းကာကွယ်ရေးတပ် - အရှိုက ဖမ်းဆီးရမိထားကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များက နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်အတွင်း (၂၃) ဦးကို ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုကထုတ်ပြန်ထားသည်။ (more…)
Read More
နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

နတ်ရေကန်လမ်းဟောင်း တိုက်ပွဲတွင် CDF – အရှို ရဲဘော် ဆလိုင်းနေမျိုးအောင် ကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ် - အရှို (Chin Defence Force - Asho)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်း ရဲဘော်ဆလိုင်းနေမျိုးအောင် ကျဆုံးခဲ့ရသည်။ ရဲဘော်ဆလိုင်းနေမျိုးအောင်သည် ချင်းမျိုးနွယ်စုအားလုံးနှင့် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လမ်းဟောင်းတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု CDF - Asho ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More