ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၃ ခုနှစ်။
ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်လျှက်ရှိနေပြီး၊ အစ္စရေး အပါဝင် အာရပ်နိုင်ငံအချို့နှင့်ဖမ်းဆီးခံသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစီရင်ခံစာတွင် ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးရှိကြောင်း၊ ထိုင်းအစိုးရသည် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံများနှင့် ပြန်ပေးဆွဲခံထားရသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အစ္စရေးနိုင်ငံကလဲ ညှိနှိုင်းဆောင်မှုတွေမှာ ကူညီထောက်ပံ့ပေးနေသည်ဟု ၎င်းကပြောသည်။

အစ္စရေးနိုင်ငံရောက်ရှိနေသည့် ထိုင်းနိုင်ငံသား ၁၄၀ ကို Airbus A340 လေယာဥ်ဖြင့် ထိုင်းလေတပ်မှ ပထမဆုံးအကြိမ် လေယာဥ်ဖြင့်သယ်ယူသည့် လုပ်ငန်းစဉ်ကို အောက်တိုဘာ ၁၄ ရက်မှာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၅၀၁၉ ဦး ရွေ့ပြောင်းရန်အတွက် ထိုင်းနိုငင်ံခြားရေးဝန်ကြီးဌာနကို စာရင်းပေးထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က အတည်ပြုထားသည်။
အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများမှာ သွားရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား သုံးသောင်းကျော်ရှိကြောင်း၊ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးကာ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ ၁၄ ဦးမှာ ပြန်ပေးဆွဲခံထားရကြောင်း သိရသည်။
Ref: Khaosod English,Thai Enquirer
Red News Agency
By Editor