စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

“မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။
 
တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ​ဒေါန​တောင်မှ ပိတ်မိ​နေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။
 
အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦး​​ဆောင်​တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်​ဆင် တိုက်ခိုက်မှု​တွေ ၊ တနင်္သာရီတိုင်းက ​တော်လှန်​ရေးတပ်​များ၏ စခန်းသိမ်းတိုက်ပွဲ​များ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။

Photo : Cobra Column
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့ပေါင်း အဖွဲ့ ၈၀ ကျော်ဟာ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက် စုစည်းလိုက်ပြီး ပူးပေါင်းထားသည့် တပ်ရင်းတပ်ဖွဲ့များထဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် တပ်မဟာ ၆ က KNLA တပ်ရင်း တပ်ဖွဲ့များ၊ ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရင်း တပ်ဖွဲ့များ၊ မြို့နယ်ပကဖအဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ Local PDF အဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့များ ပါဝင်ကြသည်။
 
ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ငါးလအတွင်း ကျောက်ထု စစ်ကောင်စီစခန်း၊ မောထာ စစ်ကောင်စီစခန်း၊ ရောင်းမော်ရွာက စစ်ကောင်စီစခန်း၊ ပဲဒက်ရွာက စစ်ကောင်စီစခန်းကုန်းနဲ့ ကျောက်ဆည်ရွာကပျူစောထီးစခန်းများကို ဆက်တိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။ ကော့သောင်းခရိုင်မှာလည်း စစ်‌ကောင်စီ၏ တာဝါတိုင်စခန်းကုန်းနှင့် ၁၀၂၀ စခန်းကုန်းတို့ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၁၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် ကော်သူးလေတပ်မတော်တို့က အခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တနင်္သာရီ တိုင်းမှာ အခုနှစ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ကောင်စီကိုကြားဖြတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး စခန်းသိမ်းတိုက်ပွဲနှင့် စစ်ကြောင်းကြားဖြတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၈၀ ဦးခန့်လည်း တော်လှန်ရေးတပ်တွေဆီမှာ အရှင်ဖမ်းဆီးခံရမှုများနှင့် လက်နက်ချအညံ့ခံမှုများ ရှိခဲ့သည်။
Photo : Cobra Column
စစ်ရေးအရှိန်မြင့်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့သည့် ဧပြီလကတော့ နွေဦးတော်လှန်ရေးကာလအတွင်း တိုက်ပွဲများနှင့် ပြောက်ကျားတိုက်ခိုက်မှု အများဆုံးလ ဖြစ်ခဲ့သည်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ အင်အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၄၈ ဦး အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များက ထိုင်း- မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်း နှင့် ကွီလုံတိုင်စခန်းတိုကို သိမ်းပိုက်ရရှိထားပြီး ယခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းမှာ စကခ ၁၃ လက်အောက်ခံ ခလရ-၅၅၇ ၊ ခမရ-၅၆၁ နှင့် ၃၉၉ အမြှောက်တပ်မှ စစ်သားများ စခန်းထိုင်ကြကြောင်း၊ နောက်ဆုံးလက်ကျန် ဖိုးချီးမူးစခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြည့်အဝ နယ်မြေစိုးမိုး ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင် တပ်မဟာ (၅)နယ်မြေ ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီစခန်း ကြီးငယ် ၂၀ ခန့်နှင့် တပ်ရင်းနှစ်ခုသိမ်းပိုက်ထားသည်။
 
၂၀၂၄ ခုနှစ် ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နှင့် Force For Federal Democracy(FFD) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာ မိတ် ပူးပေါင်းတပ်ဖွဲများက တောင်ပိုင်းစစ်ဒေသအတွင်း မြိုသိမ်းတိုက်ပွဲအနေဖြင့် ဖာပွန်မြိုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး သင်္ကန်းညီနောင်ရှိ ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း အပါအဝင် စခန်းသိမ်းတိုက်ပွဲများ ၅ ကြိမ်၊ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း ၇၁ ကြိမ်၊ စစ်တပ် အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက် ခိုက်မှု ၃၃၆ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၁ ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်မှု ၁၃ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၅ ကြိမ်၊ စစ်တပ်ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၇ ကြိမ်တို့ကို မဟာမိတ်များနှင့် ဟန်ချက် ညီညီ ပူးပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
 
လက်ရှိတွင်တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်း ၅၉ မြို့ထိ ရှိလာပြီဖြစ်သည်။ စစ်​ကောင်စီဟာတရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာအပစ်ရပ်ထားနိုင်​ပေမယ့် ကချင်၊ ရခိုင်၊ ချင်းပြည်နယ်က မြိုသိမ်းတိုက်ပွဲ​တွေအပြင် ကရင်ပြည်နယ်မှာလည်း မြဝတီမြိုကို စစ်ကူပိုဖို ဧပြီ ၇ ရက်ကတည်းက ​စေလွှတ်ခဲ့သည့် အင်အားတစ်​ထောင်​ကျော်ပါသည့် နိုင်ငံတော်အဆင့် အောင်​​ဇေယျ စစ်​ကြောင်းဟာ ​သေဆုံး၊ ဒဏ်ရာရသူများပြီး ​ဒေါန​တောင်မှ ပိတ်မိ​နေခြင်း၊ ဖာပွန်မြိုနယ်က KNLA ဦး​​ဆောင်​သည့် တော်လှန်​ရေးတပ်များ၏ ထိုးစစ်​ဆင် တိုက်ခိုက်မှု​တွေ ၊ တနင်္သာရီတိုင်းက ​တော်လှန်​ရေးတပ်​တွေရဲ့ စခန်းသိမ်းတိုက်ပွဲ​တွေ ၊ ကရင်နီပြည်မှာ ကရင်နီပူး​ပေါင်းတပ်​တွေရဲ့ ဖား​ဆောင်းမြိုသိမ်းတိုက်ပွဲ၊ စစ်ကိုင်း- မ​ကွေး -မန္တ​လေး-ပဲခူးတိုင်း​ ​ဒေသအချိုမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ ​စခန်းသိမ်းတိုက်ပွဲနှင့် ပြောက်ကျားခုခံတိုက်ခိုက်မှု​များကြောင့် စစ်​ကောင်စီတပ်ဟာ စစ်​ရေးအကြပ်အတည်းဆိုက်​နေပြီဖြစ်ပါတယ်။
 
၂၀၂၄ ခုနှစ် မိုးဦးကာလဆို​ပေမယ့် မိုးမရွာ​သေးတာ​ကြောင့် စစ်​ကောင်စီတပ်ဟာ စခန်းများ မြို့များကိုမကျ​အောင် ​လေ​ကြောင်းပစ်ကူ အများအပြားသုံး ခုခံ​နေ​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ ​နေရာပေါင်းစုံက ထိုးစစ်ဆင်တိုက်ခိုက်မှု​တွေ​ကြောင့် စစ်အုပ်စုဟာ စခန်း​တွေ၊ မြို​တော့ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရသည်။ မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့ကြောင်း တင်ပြလိုက်ရပါသည်။ ။
သူရိန် – Wiper
Red News Agency
By RNA Editor