ဖားကန့်အထွက် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးအား ပစ်သတ်ထား 

RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် ဥပဒေမဲ့ ထင်ရာစိုင်းနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် (၃) နာရီဝန်းကျင်က လုံးခင်းကျေးရွာမှ ဖားကန့်မြို့သို့အထွက် အများပြည်သူသွား မိန်းလမ်းမပေါ်၌ အရပ်သားပြည်သူ (၂)ဦးအား ရက်ရက်စက်စက် ပစ်သတ်ထားကြောင်း သိရသည်။

ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းအား လမ်းဘေးတွင် လမ်းသွားလမ်းလာများက တွေ့ရကြောင်း၊ အဆိုပါနေရာ အနီးတစ်ဝိုက်ကို နံနက်(၈)နာရီခန့်အထိ စစ်ကောက်စီက ကင်းချ ပိတ်ဆို့ထားသည်။

ပစ်သတ်ခံရမှုကြောင့်သေဆုံးခဲ့သည့် အမျိုးသားနှစ်ဦးမှာ မည်သူဖြစ်ကြောင်းမသိရှိရသေးကြောင်း၊ ဖားကန့်၌ ယခုလအတွင်း စစ်ကောင်စီတပ် လက်အောက် ခံများက ညဘက် လူသွားလာထူထပ်သည့် လမ်းမကြီးများပေါ်တွင် အရပ်သားပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ ဖုန်းများ သိမ်းယူခြင်း ရက်ရက်စက်စက်ပစ်ခတ် သတ်ဖြတ်ခြင်းများကို ပြောင်ပြောင် တင်းတင်းလုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် မတ်လအတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်နေသည့် ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးနေမှု မြင်ကွင်း။

#RedNewsAgency

By Editor