ပါတီတခုထဲ ထင်ရာစိုင်းမရအောင် ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ဟု ဦးကိုကိုကြီးပြော

ဒီလှိုင်း ။ ပဒါန်း။ ဇန်နဝါရီ ၂၆ ရက် ။

” ပါတီစုံဒီမိုကရေစီစနစ်ကိုတောင်းဆိုခဲ့တာကိုယ်၌က တစ်ပါတီထဲ ထင်ရာစိုင်းလို့မရအောင် အပြန်အလှန်ထိန်းကြောင်းတဲ့ ထိန်းညှိတဲ့စနစ်တစ်ရပ်ပေါ်ပေါက်လာအောင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ပြည်သူ့ပါတီအနေနဲ့နိုင်ငံတော်အတွက် အကျိုးရှိတဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့၊ထောက်ခံဖို့၊ကျွန်တော်တို့အအဆင်သင့်ရှိသလို၊အားနည်းချက်တွေလိုအပ်ချက်တွေရှိရင်လည်းထောက်ပြတာဝေဖန်တာဆောက်ရွက်နိုင်ဖို့အတွက်ပါတီစုံဒီမိုကရေစီစနစ်အားကောင်းအောင်ကျိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ပြည်သူ့ပါတီ (ဗဟို) ဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ၊ ပဒါန်းမြို့မှာ ပြည်သူ့ပါတီ ရုံးဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ပါတီ တရားဝင်မှတ်ပွုံတင်ကျခဲ့တာ ၁ နှစ်ကျော်သာရှိသေးပေမဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်တွေမှာ ရုံးပေါင်း ၆၀ လောက်နဲ့ ရပ်ကွက် ကျေးရွာ ၂၀၀ ကျော်လောက် ရုံးခန်းတွေ ဖွင့်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့ပါတီကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ဦးဆောင်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။

Red News Agency

By Editor