နိုင်ငံရေးတက်ကြွလှုပ်ရှားသူ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့ ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ ယနေ့ အင်းစိန်ထောင်အထူးတရားရုံးမှ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်သည့်အတွက် ယခင်က ချမှတ်ခံထားရသည့် ထောင်ဒဏ် (၃) နှစ်ရှိသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရကြောင်း သိရသည်။ (more…)
Read More