နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့ ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ အင်းစိန်ထောင်အထူးတရားရုံးမှ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်သည့်အတွက် ယခင်က ချမှတ်ခံထားရသည့် ထောင်ဒဏ် (၃) နှစ်ရှိသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရကြောင်း သိရသည်။

” အခုလို စကစ အနေနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ပြစ်ဒဏ်အမျိုးမျိုးဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ချနေတာတွေ ဆက်လက်ဖမ်းဆီးနေတာတွေ မထင်ရင်မထင်သလို မီးရှို့ သတ်ဖြတ်နေတာတွေ ဘယ်လောက်အထိ ဆက်လုပ်နိုင်အုံးမှာလဲ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ဆောင်ပြီး နိုင်ငံတကာ စာမျက်နှာရော ပြည်တွင်းမှာပါ ခွင့်လွှတ်လို့မရတဲ့ အဆိုးဆုံးအခြေအနေမျိုးအထိ သူတို့ကိုယ်တိုင် လျှောက်လှမ်းနေဆဲဖြစ်တယ်။ ပြည်သူလူထု ရင်ထဲက အမုန်းတရား နာကျည်းချက်‌တွေ ထကြွပေါက်ကွဲလာတစ်နေ့ စကစနဲ့ ၎င်းတို့ မျိုးဆက်တစ်ခုလုံး တစ်နေ့ပြန်ပေးဆပ်ရမှာဖြစ်တယ်” ဟု ကိုတင်ထွဋ်ပိုင်နှင့်နီးစပ်သည့် နိုင်ငံရေး လုပ်ဖော်ကိုက်ဖက် တဦးက Red News Agency ကို ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ သဇင်မြိုင်လမ်း၊ အိမ် အမှတ်( ၅၂/အေ) ၊ ဒုတိယထပ်တွင် ကိုတင်ထွဋ်ပိုင်နှင့်အတူ ကိုအောင်မင်းဦးတို့ကို စစ်ကောင်စီလက်နက် ကိုင်များက ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

#RedNewsAgency

By Editor