အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်က COVID-19 ကာလအတွင်း တန်ဖိုးသင့် ထမင်း/ဟင်း များရောင်းနေ

ရိုက်ကူး၊ ဒီလှိုင်း မကွေး၊ မေ ၁၉ ရက်။

မကွေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်က ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်အရ မေလ ၄ ရက်နေ့ကစတင်ပြီးတော့ မကွေးမြို့ သင်ကြားရေး ဆေးရုံရှေ့မှာ တနင်္လာနေ့ကနေ သောကြာနေအထိ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ရောင်းချနေပါတယ်။

“နေ့ခင်းစာအတွက်ရောင်းချပေးတာပါ၊အများကြီးတော့မဟုတ်ဖူး၊လူ၁၀၀စာ လုပ်လာပါတယ်၊ကြက်ဥကလဲ သက်သာတဲ့‌ဈေးနှုန်းနဲ့လတ်လတ်ဆက်ဆက် ကြက်ခြံကထွက်တဲ့ဟာရောင်းတာဖြစ်ပါတယ်၊ခုပါလာ‌တာကတော့ကြက်သားအာလူးချက်၊ငံပြာရည်ဖျော်၊ဘာလချောင်နဲ့တို့စရာသရက်သီးရယ်ပါ၊တပ်နယ်မှာရှိတဲ့တပ်ရင်းအလှည့်ကြလိုက်သင်ကြား‌ရေးဆေးရုံမှာတနင်းလာနေ့မှသောကြာနေ့အထိရောင်းပေးတာပါ။ COVID-19ရောဂါကာလမှာရောဂါကူးစက်မှုမရှိအောင်စနစ်တစ်ကျ ၁ဦးနဲ့၁ဦ း၃‌ပေအကွာဝယ်ယူခိုင်းပါတယ် ” ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်၊အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ် အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးသွေးနီထက်က ပြောပါတယ်။

Red News Agency

By Editor