13
Jan
ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။ ဒေါက်တာစိုးမင်း တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့…
