RNA – ဧပြီ ၁၃ ရက်။
ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန်အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။
Red News Agency

RNA – ဧပြီ ၁၃ ရက်။
ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန်အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။


Red News Agency

တမူး၊ ဧပြီ ၁၁ ရက်။
ကူကီးတပ်မတော် ဦးဆောင်မှုဖြင့် တမူးမြို့ပေါ်မှ ကျောင်းသားများ၊ CDM ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းကာ ပြန်လှန်ခုခံ တိုက်ထုတ်ခဲ့မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက် သေဆုံးခဲ့သည်ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Red News Agency

RNA – ဧပြီ ၁၁ ရက်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၆၉ ရက်အတွင်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းဆီး ဖြိုခွင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူ ၇၀၁ ကျဆုံးသွားရကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။
ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ကျဆုံးသူ ၈၂ ဦး ရှိခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီး ဧပြီလ ၁၀ ရက်နေ့အထိ ဖမ်း ဆီးခံရသူ ၃၈၀၃ ဦး၊ ချုပ်နှောင်ထားခံရဆဲသူ ၃၀၁၂ ဦး၊ အနည်းဆုံးပြည်သူ ၂၃ ဦးကို သေဒါဏ်ချမှတ်ထားကြောင်း၊ ၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်ကြောင်း ၊ ထုတ်ပြန်ထားသည့် ကျဆုံးစာရင်းတွင် မပါဝင်သူများရှိနိုင်ကြောင်း သိရသည်။
Red News Agency

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ။
၁။ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာရပ်ခံ သတိပေး အ ကြောင်းကြားစာများသည် သတင်းမီဒီယာ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ထိပါးစေသဖြင့် ဤသတင်းမီဒီယာများ၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

၂။ ဖေဖော်ဝါရီလ(၁၃) ရက်နှင့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့များတွင် သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာ ရပ်ခံသတိပေးအကြောင်း ကြားစာများတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်သဖြင့် အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ၊စစ်ကောင်စီဟု သတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုရန် ဖော်ပြပါရှိသည်။

၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ရှိ နိုင်ငံ့အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားသည်ဟု ပြောဆိုနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့သည့် မေတ္တာရပ်ခံ သတိပေးအကြောင်းကြားစာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄(က) ပါ ပြဌာန်းချက်များအရ သ တင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာအခွင့်အရေးများနှင့် ဆန့်ကျင်နေသည်။

၄။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာပိုဒ် (၁၉) တွင်ဖော်ပြထားသည့် လွတ်လပ်စွာသတင်းရေးသားထုတ်လွှင့်ခြင်း ဆိုင်ရာအခွင့်အရေးများပေါ်တွင် ယခုသတင်းမီဒီယာများက ယုံကြည်ရပ်တည်သည်။
၅။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့်ဖော်ပြသည့် အကြောင်းအရာများနှင့် အသုံးအနှုန်းများကို သတင်းမီဒီယာ၏ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက် ရေးသားထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
Red News Agency

ဇင်လင်းနိုင်
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ရက်။
နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။




ဆန္ဒဖော်ထုတ်ပွဲသူများက နိုင်ငံတော်သမ္မတနှင့်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကိုလှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရှင်သန်ရေးကိုထောက်ခံကြောင်း၊ တတိယအကြိမ်လွှတ်တော်ကို NLDမှခေါ်ယူခြင်းကို ကြိုဆိုထောက်ခံကြောင်း စသည့် စာသားပါ ဗီနှိုင်းများကိုင်ဆောင် ကာ ယင်းကြွေကြော်သံများဖြင့် ဆူးလေစေတီတော်အား တပတ်လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခြင်း၊မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့သည်။




ယင်းဆန္ဒဖော်ထုတ်ပွဲအား သက်ဆိုင်ရာ ငြိမ်းစုစီ ခွင့်ပြုချက် တင်ပြကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Red News Agency

ဒီလှိုင်း
မကွေး၊ ဒီဇင်ဘာ ၁၇ ရက်။
မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၇ရက်နေ့နံနက် ၉နာရီမှ၁၀နာရီအချိန်ထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။



ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ(ဆန့်ကျင်ကြဆန့်ကျင်ကြ)၊ လွတ်လပ် သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အမြန်ဆုံး ဖွဲ့စည်းပေးရေး(ဒို့အရေး ဒို့အရေး)၊ ကြိုတင်မဲများစစ်ဆေးပေးရေး(ဒို့အရေး ဒို့အရေး)၊ ငွေကြေးဖြင့်မဲဆွယ်စည်းရုံးမှု (အလိုမရှိ အလိုမရှိ)၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ်(အလိုမရှိအလိုမရှိ) စသည့်ကြွေးကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
” မျှမျှတတပြန်ဖြစ်ချင်ပါတယ်၊ မှန်မှန် ကန်ကန် ပြန်ဖြစ်ချင်ပါတယ်၊ပြန်ပြီးရွေးကောက်ခိုင်းတာမဟုတ်ပါဘူး၊ပြန်ပြီး စစ်ဆေးပေးစေချင်တာ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်စန္ဒာသိန်းကပြောသည်။



ရွေးကောက်ပွဲကော်မရှင်အား ခွင့်ပြုချက်နှင့်အညီဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ထံငြိမ်းစုစီတင်၍ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
” ထုံးပေါက်တောရွာမှာ သေဆုံးသူရဲ့စာရင်းကိုမဲစာရင်းပေးထားပါတယ်၊အင်တိုင်းကြီးရွာမှာဦးဇင်းဝတ်နဲ့မဲပေးထားတာရှိပါတယ်၊ပဌနဂိုရ်မှာဆိုရင် အသက်မပြည့်ဘဲနဲ့မဲပေး ထားတာတွေရှိပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ဦးဆောင်သူ ဒေါ်အေးအေးမြင့်ကပြောသည်။
” ဆန္ဒထုတ်ဖော်မှုပြုလုပ်တာကိုငြိမ်းစုစီလာရောက်တင်ပါတယ်၊စီတန်းလှည့်လည်တာကတော့ကျား၂၀၊မ၉နဲ့ လှည့်လည်သွားပါတယ်၊ဝန်းရံအင်းအားမရှိပါဘူး” ဟုမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမှူးဒုရဲမှူးစိန်အောင်ကပြောသည်။
ဆန္ဒထုတ်ဖော်သူများသည် မကွေးမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့မှ လမ်းငါးသွယ်၊အထက ၁ လမ်း၊သစ္စာလမ်း၊တောင်တွင်းလမ်း အတိုင်းစီတန်းလှည့်လည်ပြီး ပြည်ခိုင်ဖြိုးရုံရှေ့စုရပ်သို့ ပြန်လာခဲ့ကြောင်းသိရှိရသည်။
Red News Agency

ဒီလှိုင်း
ချောက်၊ နိုဝင်ဘာ၂၉ ရက်။
မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကြိုတင်မဲများ စစ်ဆေးပေးရေတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ လ ၂၈ ရင်နေ့က တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။
















ချောက်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံ ဝန်းရံသူ ၂၅ဦးကနိုဝင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ချောက်မြို့ပြည်ခိုင်ဖြိုးရုံးရှေ့မှ လမ်းမတော်လမ်းအတိုင်း အေးစေတီလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊အနော်ရထားတံတားထိပ်၊ရွှေတွင်းကုန်းအဆင်းလမ်း မှပျဉ်းမလမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ပြီး ချောက်မြို့မရဲစခန်းလမ်းဆုံမှ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံတွင် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် အလိုမရှိ၊မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊COVIDငွေကြေးမဲဆွယ်ပေးအလိုမရှိ၊ကြိုတင် မဲများ စစ်ဆေးပေးရေး ဒို့အရေး၊ငွေကြေးဖြင့်မဲဆွယ်စည်းရုံးမှု အလိုမရှိ၊မဲဆန္ဒရှင် စာရင်းများစစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတ သော ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး စသည့်အချက်၇ချက်ရှိသော စာသားများပါ ကတ်ထူးပြားများကို ကိုင် ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။
Red News Agency

ဒီလှိုင်း
မိတ္ထီလာ၊ နိုဝင်ဘာ ၂၈ ရက်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှု မရှိခြင်းအပေါ် ယနေ့ ( နိုဝင်ဘာလ၂၈ရက်) နံနက် ၉ နာရီမှ စတင်ကာ မိတ္ထီလာမြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ ၊ ဈေးအရှေ့ပြင်ရပ်ကွက်၊မြောက်ကန်ဘောင်ထိပ် ဇော်ဆေးခန်းအနီးတွင် စုရပ်လုပ်ခဲ့ပြီး၊ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား ဦးဇေယျာဟိန်းကဦးဆောင်ပြီး၊ ဦးမြသွင်(ခ) ဦးမြင့်စန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှုမရှိခြင်း အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။

” အဓိကတော့ မဲစာရင်းထပ်တိုးလုပ်တာတွေတွေ့တာ၊မဲပုံးတွေကို မဲရုံကိုရောက်အောင်မပို့ဘဲနဲ့ မဲမရေဖြစ်တာမျိုးတွေ၊ အသက်၁၈နှစ်အောက် မဲပေးတာတွေ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်း ၁၉၀၀၀ ကျော်လောက် တိုးနေတာတွေ၊နာမည်တူအဖေတူလိပ်စာတူပြီးတော့မှ မှတ်ပုံတင်တူပြီး မဲပေးတဲ့ ၇၀၀၀ကျော်ရှိတာတွေ အပေါ်မှာအခြေခံပြီးတော့မှဆန္ဒပြတာပါ၊ ဆက်လုပ်မှာကတော့ မှန်တဲ့လမ်းကြောင်းလေးတစ်ခုထိအောင် ရောက်အောင်သွားမှာပါ” ဟု ဟောပြောသူဦးမြသွင် (ခ) ဦးမြင့်စန်းက ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို လမ်းလျှောက်ခြင်းမဟုတ်ဘဲ ဟောပြောပွဲပုံစံဖြင့် ပြုလုပ်ခဲ့ကောင်း၊ ငြိမ်းစုစီ တင်ထားရာတွင် လူအင်းအား၂၉ ယောက် တင်ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ကြိုတင်မဲများ စစ်ဆေးပေးရေး၊ မဲဆန္ဒရှင်စာရင်း စစ်ဆေးပေးရေး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး စသည့် ကြွေးကြော်သံ ပိုစတာများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။
Red News Agency

ဒီလှိုင်း
ရေနံချောင်း၊ နိုဝင်ဘာ ၂၄ ရက်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက် သူဌေးကုန်းရပ်နေ ဦးကျော်ညွှန့်ဝေ ဦးဆောင်ပြီး ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။



ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်တွင်စုဝေးခြင်း၊ ကျောက်မဆင်ရပ်အဝင်ဇရပ်မှ တွင်းကုန်း-ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ တရားဝင်စာတင်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
” ဆန္ဒပြတာကရလဒ်ကို မကျေနပ်လို့မဟုတ်ပါဘူး၊ရွေးကောက်ပွဲကြီးရဲ့ ဖြစ်စဉ်အပေါ်မှာ တရားမျှတမှုမရှိတာတွေ၊ဥပဒေမဲ့မှုတွေ၊လွတ်လပ်မျှတမှုမရှိတာတွေကိုဖော်ထုတ်ဆန္ဒပြတာပါ၊လူအင်း၂၇ယောက် လောက်နဲ့မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်၊ဟောပြောပွဲကရေနံချောင်းမြို့နယ်ကျောက်မဆင်ကျေးရွာမှာပြုလုပ်ပါတယ်၊ဝန်းရံအင်းအားကတော့လုံခြုံရေးအဖွဲ့တွေကကျွန်တော်တို့ပတ်လည်မှာဝန်းရံခွင့် မပြုတဲ့အတွက် ဘယ်လောက်ရှိလဲဆိုတာ မှန်းမရပါဘူး၊ဝန်းရံသူတွေကျွန်တော်ဟောပြောတဲ့နေရာနဲ့ဝေးတဲ့နေရာတွေမှာဘဲထားတာပါ၊တစ်ကယ်တန်းဆိုဝန်းရံသူ၂၀၀ခန့်တော့ရှိမယ်ထင်ပါတယ်၊၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကိုတစ်ကဲယ့် ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်၊ စည်းကမ်းရှိအောင်၊သန့်ရှင်းမျှတအောင်အဲလိုလေးတွေကိုဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ၊၂၀၂၀ရွေးကောက်ပွဲကျင်းပရာတွင်ကျင်းပရာတွင်တရားမျှတမှုမရှိသည့်အတွက်ဒီနေ့ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားပြီးကျင်းပပြုလုပ်ခဲ့ပါတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးကျော်ညွှန့်ဝေကပြောသည်။
အရွယ်အစား၂ပေခွဲ×၂ပေရှိ ကတ်ထူပြား အဖြူရောင်အပေါ်တွင် အစိမ်းရောင်စာလုံးဖြင့် ဥပဒေနှင့် မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ အလိုမရှိ။ မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး ဒို့အရေး။ COVIDငွေကြေး မဲဆွယ်ပေး အလိုမရှိ အလိုမရှိ။ ကြိုတင်မဲများစစ်ဆေးပေးရေးဒို့အရေး ဒို့အရေး။ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှုအလိုမရှိ အလိုမရှိ။ မဲဆန္ဒရှင်စာရင်းများစစ်ဆေးပေးရေးဒို့အရေး၊ဒို့အရေး၊တရားမျှတသောရွေးကောက်ပွဲဖြင့်ရေးဒို့အရေး ဒို့အရေး ဟု ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စိုးသူအောင်
Red News Agency

ဒီလှိုင်း
စကု၊ နိုဝင်ဘာ၂၃ ရက်။
မကွေးတိုင်းဒေသကြီး၊ စကုမြို့တွင် ၂၀၂၀ရွေးကောက်ပွဲ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ တရားမဲ့ပြုလုပ်ခြင်းများအတွက် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ( နိုင်ဝင်ဘာလ ၂၃ ရက်) နံနက်ပိုင်းက လူ ၃၀ ဦး တရားဝင်စာတင်ပြီး လုပ်ဆောင်သော်လည်း ဝန်းရံသူအင်အား ၃၀၀ ဝန်းကျင် ရှိခဲ့ကြောင်း ရွှေရောင်တော်ကျေးရွာမှ မခင်ချောသူက ပြောသည်။

” ၂၀၂၀ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီးတရားမျှတမှုပွင့်လင်းမြင်သာမှု၊တရားမဲ့ပြုလုပ်ခြင်းများအတွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊အခုလိုဆန္ဒဖော်ထုတ်ရတာက ပါတီတစ်ခုအတွက်မဟုတ်ဘဲ ပါတီပေါင်းစုံကိုယ်စားပြု၊ပြည်သူများအားလုံးကိုယ်စား ပြည်သူတစ်ယောက်အနေနဲ့ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်၊မိဘပြည်သူများရှင်ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဟာဆိုရင်တရားမျှတမှန်ကန်တဲ့ရွေးကောက်ပွဲများကျင်းပနိုင်ရေးဖြစ်ပါတယ်၊ရွေးကောက်ပွဲတွေကျင်းပတိုင်းပြည်တွင်းပြည်ပစောင့်ကြည့်ရေးဆိုတာတွေမရှိသင်ဘူးလားဆိုတော့ပတ်ဝန်းကျင်ကရှိသင့်ပါတယ်၊ရွေးကောက်ပွဲဟာဘယ်လောက်ပွင့်လင်းမြင်သာရှိသလဲ၊ဘယ်လောက် မျှတ မှုရှိသလဲဆိုတာစောင့်ကြည့်ခွင့်တွေရှိသင့်ပါတယ်” ဟု ၄င်းက ပြောသည်။
၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး ပွင်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

” စတင်ချိန်က၈နာရီပါ၊ပြီးဆုံးချိန်က၁၀နာရီပါ၊ငြိမ်းစုစီတင်ပြီးလုပ်တာပါ၊စီတန်းလှည့်လည်မှုတော့မလုပ်ဖြစ်ပါဘူး၊စုဝေးဟေုပြောပွဲဘဲ လုပ်ဖြစ်ပါတယ်၊ဦးဆောင်သူက ဒေါ်ခင်ချောဖြူပါ၊လူအင်အားကတော့ COVIDကြောင့်မလို့ ၃၀ခန့်တင်လိုက်ပါတယ်၊ဝန်းရံတာကလူဦးရေ၃၀၀ခန့်ရှိပါတယ်၊ဝန်းရံသူကတော့အများကြီးရှိပါတယ်၊အချိန်ကိုခိုးလိုက်ရတာနဲ့ သူတို့ကလာတာနောက်ကြတော့လူစုလူဝေးဖြစ်ပေါ်မှု မရှိတော့ပါဘူး၊ဝန်းရံသူကတော့လာပြီးတော့ ပြန်ပြန်သွား၂၀၀/၃၀၀ ဦးရေလောက်ရှိမှာပါ၊ မင်းဘူး-စကု ကားလမ်းဘေးကိုးနဝင်းဘုရားဝန်းရှေ့မှာ ဟောပြောပွဲလုပ်တာပါ” ဟု ဆန္ဒထုတ်ဖော် ဟောပြောပွဲတွင် ဝန်းရံသူ ဦးပန်းချီက ပြောသည်။

ဆန္ဒထုတ်ဖော် ဟောပြောပွဲတွင် ဦးဆောင်သူ ဒေါ်ခင်ချောဖြူက ” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့တဲ့ ပထမအချက်ကဆိုရင် ရွေးကောက်ပွဲနည်းဥပဒေလုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို စောင့်ကြည့်ခွင့်မရခြင်းဖြစ်ပါတယ်၊ အဲဒီအချက်ပယ်ဖျက်ခြင်းက စောင့်ကြည့်သူတွေဥပဒေနဲ့အမိန့်ညွှန်ကြားချက်တွေကို သိရှိသွားခဲ့ရင် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ကျူးလွန်လာသူမှာထောက် ပြခံရမှာကိုစိုးရိမ်ပြီး ကြိုတင်ပယ်ဖျက်ထားခြင်းဖြစ်ပါတယ်၊အဲဒါရိုးသားမှုရှိပါသလား၊ ဒုတိယအချက်ကတော့မဲဆန္ဒရှင်များရဲ့သတင်းအချက်အလက်ကိုစောင့်ကြည့်ခွင့်မရခြင်းဖြစ်ပါတယ်၊မဲစာရင်းဆိုတာပွင့်လင်းမြင်သာရမဲ့ စာရင်းဖြစ်တဲ့အတွက် မဲဆန္ဒရှင်စာရင်းပြုစုတာကိုစောင့်ကြည့်ခွင့်မရခဲ့ပါဘူး၊ ဒါကကောဖြစ်သင့်ပါသလား၊တတိယအချက် ကတော့ မဲလက်မှတ်ရလဒ်ကို စောင့်ကြည့်ခွင့်မရခြင်း၊ထုံးတမ်းအစဉ်လာအတိုင်းဆိုရင်နေပြည်တော် မှာ၂နေရာ၊ရန်ကုန်မှာ၂နေရာရိုက်ခဲ့တယ်၊၂၀၁၅အထွေထွေ ရွေးကောက်ပွဲမှာဆိုရင် နာမည်ကြီးNGO၊အခြားသောပါတီအဖွဲ့အစည်းတွေကလည်းစောင့်ကြည့်ခွင့်ရခဲ့ပါတယ်၊အခု၂၀၂၀မှာအဲလိုပွင့်လင်းမြင်သာမရှိခဲ့တာဟာရိုးသားမှုရှိရဲ့လား၊အဲဒီအတွက် မဲလက်မှတ်ဖြန့်ဖြူးခြင်းနဲ့ပတ်သက်ပြီး တိုင်းကိုဘယ်လောက်ပေးတယ်၊ခရိုင်ကိုဘယ်လောက် ပေးတယ်၊မြို့နယ်ကိုဘယ်လောက် ပေးတယ်ဆိုတာကို မသိခဲ့ရပါဘူး၊မိဘပြည်သူများသိပါသလား၊စတုတ္ထအချက်ကရွေးကောက်ပွဲဆိုင်ရာကန့်ကွက်လွှာအမှုများစစ်ဆေးခြင်းနဲ့ဆုံးဖြတ် ခြင်းများကိုလေ့လာခွင့်မပေးခဲ့ပါဘူး၊အဲဒီအချက် ဟာဆိုရင်ငါတို့ လုပ်ချင်သလိုလုပ်မယ်၊ငါတို့ဆုံးဖြတ်ချင်သလို ဆုံးဖြတ်မယ်ဆိုတယ်သဘောမျိုးမသက်ရောက်ဖူးလား၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်ခွင့်မပေးခဲ့တဲ့ရွေးကောက်ပွဲ အချက်၄ချက်ကိုအခြေခံပြီးရွေးကောက်ပွဲရဲ့ရလဒ် ကိုစိတ်ကြိုက်ဖန်တည်းနေတာသဘောတူပါသလား၊ရွေးကောက်ပွဲကော်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲသမိုင်းလှချင်တယ်ဆိုရင်ကြိုတင်မဲပေးတဲ့နေရာမှာလဲတရားမျှတမှုမရှိလို့အနယ်နယ်အရပ်ရပ်ကတိုင်ထားတဲ့တိုင်စာတွေမဲပေးတဲ့နေရာမှာလဲသေဆုံးတဲ့သူတွေပေးတာ၊အသက်မပြည့်တဲ့ကလေးတွေပါနေတာ၊မဲဆန္ဒရှင်တွေကနှစ်ခါသုံးခါထပ်ပြီး မဲပေးနေတာကိုပွင့်လင်းမြင်သာစွာအမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ဓာတ်ပုံ – မင်းသူလှိုင်
Red News Agency