၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

ဒီလှိုင်း
ချောက်၊ နိုဝင်ဘာ၂၉ ရက်။

မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကြိုတင်မဲများ စစ်ဆေးပေးရေတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ လ ၂၈ ရင်နေ့က တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

ချောက်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံ ဝန်းရံသူ ၂၅ဦးကနိုဝင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ‌ချောက်မြို့ပြည်ခိုင်ဖြိုး‌ရုံးရှေ့မှ လမ်းမတော်လမ်းအတိုင်း အေးစေတီလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊အနော်ရထားတံတားထိပ်၊ရွှေတွင်းကုန်းအဆင်းလမ်း မှပျဉ်းမလမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ပြီး ချောက်မြို့မရဲစခန်းလမ်းဆုံမှ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံတွင် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် အလိုမရှိ၊မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊COVIDငွေကြေးမဲဆွယ်ပေးအလိုမရှိ၊ကြိုတင် မဲများ စစ်ဆေးပေးရေး ဒို့အရေး၊ငွေကြေးဖြင့်မဲဆွယ်စည်းရုံးမှု အလိုမရှိ၊မဲဆန္ဒရှင် စာရင်းများစစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတ‌ သော ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး စသည့်အချက်၇ချက်ရှိသော စာသားများပါ ကတ်ထူးပြားများကို ကိုင် ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *