Author: RNA Editor

  • NLDအမျိုးသားလွှတ်တော်အမတ် နေအိမ်တွင် သေနတ်ပစ်ခံရပြီး သေဆုံး

    NLDအမျိုးသားလွှတ်တော်အမတ် နေအိမ်တွင် သေနတ်ပစ်ခံရပြီး သေဆုံး

    RNA ၊ နိုဝင်ဘာ ၂၁ ရက်။

    ကျောက်မဲမြို့ NLDပါတီ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်နေအိမ်တွင် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းကျောက်မဲမြို့မှ ဦးတင်မောင်သိန်း၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

    ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့က ရွေးချယ်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း
    ဦးထိုက်ဇော် နေထိုင်ရာ ကျောက်မဲမြို့နယ် ပင်တိန်ရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ကြောင်း သိရသည်။

    Red News Agency

  • ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို တရားစွဲခဲ့သူ ရွေးကောက်ပွဲအပြီး ပြန်လည်တရားစွဲခံရ၊ အချုပ်ထဲမှ အမှုရင်ဆိုင်နေရ

    ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို တရားစွဲခဲ့သူ ရွေးကောက်ပွဲအပြီး ပြန်လည်တရားစွဲခံရ၊ အချုပ်ထဲမှ အမှုရင်ဆိုင်နေရ

    ဒီလှိုင်း
    ချောက်၊ နိုဝင်ဘာ ၁၉ ရက်။

    မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် အတွင်းရေးမှူး တို့ကို တရားစွဲခဲ့သူသည် နိုဝင်ဘာလ ၁၃ ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၄ ဖြင့် ပြည်လည်အမှုဖွင့် ခံခဲ့ရသည့်အတွက် စလေ ရဲစခန်းအချုပ်တွင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

    အောက်တိုဘာလ၂၉ရက်နေ့က ကြိုတင်ဆန္ဒမဲပေးချိန်တွင်ဆန္ဒမဲလက်မှတ်များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် လျှို့ဝှက်ကြိုတင်ဆန္ဒမဲပေးသည့်နေရာ၌ အင်းပက်အား မထားရန် မဲကော်မရှင်သို့တောင်းဆိုခဲ့သော်လည်း မဲကော်မရှင်ဥက္ကဌဦးစိုးခိုင်နှင့် ကော်မရှင်အတွင်းရေးမှူးဦးအေးချမ်းပြည့်တို့မှ လိုအပ်လို့ထားတာပါလို့ပြောပြီး သိမ်းဆည်းခြင်း မရှိခဲ့သည့်အတွက် မဲဆုံးရှုံးမှုများကြောင့် ချောက်မြို့နယ်၊ဆားလယ်ကျေးရွာအုပ်စု၊ဆားလယ်ကျေးရွာမှ ရွေးကောက်ပွဲစောင့်ကြည့်နေသူ ဦး‌အောင်လွင်မှ တိုင် တန်းခဲ့သည့်အတွက် စလေမြို့ရဲစခန်းက (ပ)၈၈/ ၂၀၂၀၊ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉-က/၆၀ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်ပြီး လိမ်လည်တိုင်သည်ဟုဆိုကာ ပြန်လည်အမှုဖွင့်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

    ” ဆားလယ်အုပ်စု မဲကော်မရှင်ဥက္ကဌနဲ့ မဲကော်မရှင်အတွင်းရေးမှူး၏ လုပ်ဆောင်မှုအမှားများအား တိကျသေချာစွာတိုင်ကြားခဲ့လို့ မြို့နယ်မဲကော်မရှင်ကအစ တောင်းပန်ညှိနှိုင်းခဲ့ပါတယ်၊မြို့နယ်ကော်မရှင် ကိုယ်တိုင်က သူတို့ရဲ့အမှားကိုသိပါတယ်၊ သူတို့ရဲ့အမှားအတွက်ကိုလည်း သူတို့ကိုယ်စား ကျွန်တော်အား‌ တောင်းပန်ပါတယ်တဲ့၊ ယခုကျွန်တော့်အား မဟုတ်မမှန်လိမ်လည်တိုင်တယ် ဆိုပြီး ဆားလယ်အုပ်စုမဲကော်မရှင်ဥက္ကဌက ပြန်လည် အမှုဖွင့်ထားပါတယ်၊ ဒီလောက် ဟိုလေးတကျော် ဖြစ်နေတာကို မဟုတ်မမှန်လိမ်တိုင်ပါတယ်ဆိုပြီး အမှုပြန်ဖွင့်တာ ဖွင့်လို့ရတာ အံ့သြလို့မဆုံးပါဘူး၊ ကျွန်တော်တိုင်တုန်းက စလေမြို့ရဲစခန်းချောက်ရဲစခန်းချောက်မြို့ မြို့နယ်မဲကော်မရှင်ရုံးတို့အား ဟိုသွားလိုက်ဒီသွားလိုက်နဲ့အဆင့်ဆင့်အချိန်တွေပေးပြီးမှ ညနေ၃နာရီ၃၀မိနစ် လောက်ကတည်းကနေ ည ၉နာရီ၂၀ မိနစ်လောက်မှ တိုင်လို့ရပါတယ်၊ တာဝန်သိပြည်သူတွေမလှုပ်နဲ့ လှုပ်ရင် တွေ့သွားမယ်ဆိုတာ ဒါလား၊ အပြုံးမပျက်ပါဘူး၊ အမှန်တရားအတွက်ဘာမဆိုပေးဆပ်ရဲပါတယ် ” ဟု ပြန်လည်တရားစွဲခံရသည့် ဆားလယ်ကျေးရွာမှ ဦးအောင်လွင်က ပြောသည်။

    တရားစွဲခံနေရသည့် ဦးအောင်လွင်ကိစ္စနှင့်ပတ်သက်ပြီး စလေရဲစခန်းမှူး ရဲအုပ်ဆန်းဝင်းက ” ဦးအောင်လွင်က မဲကိစ္စတွေနဲ့ပတ်သက်ပြီး‌ကော်မရှင်ကိုတိုင်တာပါ၊ ကော်မရှင်က အတိုင်ခံရတာပါ၊ အရင်တစ်ခါဦးအောင်လွင်က အမှုဖွင့်ထားတာပါ၊ ဦးအောင်လွင်ကတိုင်တာက မဲတွေမှင်မပြားအောင် ကင်းပတ်တွေမထားဖို့၊ မှင်စွန်းပြီးဖြစ်မှာစိုးလို့ တိုင်ထားတာပါ၊ အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်ဘူးဆိုပြီး လိမ်လည်ပြီးတိုင်ပါတယ်ဆိုပြီး ပြန်တိုင်တာပါ၊ နိုဝင်ဘာလ ၁၃ရက်၊၅နာရီ၅၀မိနစ်အချိန်ကအမှုဖွင့်တာပါ၊ ဦးအောင်လွင်ကို ထိန်းသိမ်းထားတာကတော့ ရွေးကောက်ပွဲဆိုင်ဥ‌ပဒေပုဒ်မ၆၄နဲ့ အမှုဖွင့်တာဆိုတော့ အဲဒီပုဒ်မက အာမခံပေးလို့မရတဲ့ပုဒ်မဖြစ်တဲ့အတွက် ရမန်နဲ့ တင်ရတာပါ၊ ချုပ်မိန့်တောင်းရတာပါ၊ ဦးအောင်လွင်ကဖွင့်တဲ့အမှုကြတော့ ခိုင်လုံပေးရတဲ့ အမှုဖြစ်နေတာ၊ အဲဒါကြတော့အဖမ်းပြပြီး ခံဝန်ပေးရတာပါ၊ အမှု၂ခုကအဲလိုကွာခြားတာပေါ့၊ ဦးအောင်လွင်ကိုပြန်ပြီး အမှုဖွင့်တာက မဲကော်မရှင်ဥက္ကဌဦးစိုးခိုင်က ပြန်ဖွင့်တာပါ” ဟု ပြောသည်။

    Red News Agency

  • ၂၀၂၀ ရွေးကောက်ပွဲ သမာသမတ်ကျကျ မဟုတ်ဟုဟောပြောပွဲပြုလုပ်ကာဆန္ဒထုတ်ဖော်

    ၂၀၂၀ ရွေးကောက်ပွဲ သမာသမတ်ကျကျ မဟုတ်ဟုဟောပြောပွဲပြုလုပ်ကာဆန္ဒထုတ်ဖော်

    ဒီလှိုင်း
    နတ်မောက်၊ နိုဝင်ဘာ ၁၈ ရက်။

    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ဦးဇော်ဝင်း ဦးဆောင်သည့် အဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ၂၀၂၀ ရွေးကောက်ပွဲသည် သမာသမတ်ကျကျ မဟုတ်ဟု ဟောပြောပွဲပြုလုပ်ကာ လှည့်လည်ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက ဥပဒေကို ကျော်လွန်ပြီး မဲဆွယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အသံချဲ့စက်တွေဆူညံစွာနှင့် လုပ်ဆောင်ခဲ့ကြောင်း၊ အသက်မပြည့်သေးသည့် လူငယ်များကို မဲထည့်ခိုင်းခဲ့ကြောင်း စသည့် ကိစ္စများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဦးဇော်ဝင်းက ပြောသည်။

    ” လူအင်းအားများလာတဲ့အတွက်ရှေ့ဆက်ပြီးမလျှောက်ရဲတော့ဘူး၊ အဆုံးထိမလျှောက်ရဲတော့ဘူးကွင်းထဲကိုဘဲ ဝင်လိုက်တော့မယ်၊မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးထိသွားမဲ့ဟာကိုမသွားဘဲနဲ့ဗိုလ်ချုပ်ကြေးရုပ် ကွင်းပြင်အတွင်း ဟောပြောပွဲနဲ့အဆုံးသတ်လိုက်ပါတယ်၊ပါတီအသီးသီးကလည်းမဲမသမာမှုတွေရှိတာ တင်ပြသော်လည်း အရေးယူမှုမရှိဘူး၊အရေးယူမှုမရှိဘဲနဲ့ ရွေးကောက်ပွဲကြီးကိုဆက်လက် ကျင်းပပြီးလုပ်သွားတယ်၊ အမှန်ဆိုရင်ဒါတွေဖြေရှင်းပြီးမှ ရွေးကောက်ပွဲကြီးကိုလုပ်ရမှာဖြစ် တယ်၊ဒါကိုဇွတ်အတင်း အဓမ္မပေါ့။ မသိကျိုးကျွန်ပြုပြီးတော့မှ ရွေးကောက်ပွဲကြီးကို ကျင်းပသွားတာ ဖြစ်တယ်၊ဒါကြောင့်ဒီရွေးကောက်ပွဲကြီးဟာ သမာသမတ်ကျကျ ရွေးကောက်ပွဲကြီး မဟုတ်ဖူးလို့စွပ်ဆွဲတာပါ” ဟု ၄င်းက ပြောသည်။

    ဦးဇော်ဝင်းဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၇နာရီ၅၅မိနစ်က နတ်မောက် ပျော်ဘွယ်ကားလမ်းအတိုင်း အင်းအား၂၅ဥဦးနှင့်စတင်ထွက်ခွါလာပြီး၈နာရီ၃၅မိနစ်တွင် ဗိုလ်ချုပ်ကြေးရုပ်ကွင်းပြင်၌ရောက်ရှိ၍၈နာရီ၄၅မိနစ်အချိန်တွင် ဦးဇော်ဝင်းမှရွေးကောက်ပွဲအတွေ့အကြုံနှင့် အုပ်ချုပ်ရေးအတွေ့အကြုံများရှင်းလင်းပြောကြားခြင်း၊၉နာရီ၁၅မိနစ်အချိန် ဒေါ်ခင်စန္ဒာမို့မို့လွင်မှ မဲဆန္ဒရှင်စာရင်းများမှန်ကန်စွာ စိစစ်ပေးရေးနှင့်နိုင်ငံရေး ပါတီ၁၆ပါတီ၏၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒမဲရလဒ် စာရင်းများနှင့်ပတ်သက်၍၂၀၂၀နိုဝင်ဘာလ၁၁ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ကြေငြာချက်အား ဖတ်ကြားရှင်းလင်းခဲကြောင်း၊ ငြိမ်း/စု/စီလျှောက်ထားစဉ်က ပါဝင်ခဲ့သော ဦးကျော်ဇင်အောင်အနေဖြင့် ဟောပြောမှုတစ်စုံတစ်ရာမပြုခဲကြောင်း၊ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခြင်းနှင့် ဟောပြောပွဲသည် အေးချမ်းစွာပြီးဆုံးခဲ့ကြောင်း နတ်မောက်ရဲစခန်းမှ သိရသည်။

    “ဘာမှတော့ထူးခြားမှုဖြစ်သွားတာ မရှိပါဘူး၊၂၅ယောက်ထက် ကျော်လွန်လို့ဆိုတာက၂၅ယောက် ဆိုတာကသူ့ရဲ့လုပ်နည်းလုပ်ဟန်အတိုင်းဘဲ၆ပေအကွာ ကနေပြီးတော့ လိုက်ခိုင်းလိုက်တယ်၊ကျန်တဲ့ ဝန်းရံလာတဲ့သူတော့ ရှိဒါပေါ့၊ကျွန်တော်တို့က မလိုလားအပ်ဘဲ လူစုလူဝေးမဖြစ်အောင်လို့ဝန်းရံတဲ့သူတွေကိုတော့ စနစ်တစ်ကျလေးနဲ့ ခပ်ခွာခွာကလိုပ်ဖို့လို့ လူ၃၀ထက် မစုအောင်ခွဲပြီး လာဖို့ပြောတာဘဆိုတာတော့ရှိပါတယ်၊ လူအင်းအားအကုန်လုံး ဆိုရင်တော့၆၀/၇၀လောက်တော့ရှိမှာပေါ့” ဟု နတ်မောက်မြို့ ရဲစခန်းမှတပ်ကြပ်ကြီးမျိုးမြင့်လွင် ကပြောသည်။

    ကြာကန်ကျေးရွာမှဦးဇော်မင်းထိုက်က ” နတ်မောက်မြို့ရဲစခန်းရှေ့ကနေပြီး မီးသတ်ရုံးနားအထိကို လူက အတန်းကြီးတွေ့လိုက်ရပါတယ်၊ဆင်းရေကြည့်လိုက်တော့ လူဦးရေက၁၁၃ဦးအထိ ဖြစ်နေပါတယ်၊ မကွေးတိုင်းမှာCOVIDရောဂါပိုးဟာတစ်ရက်နဲ့ တစ်ရက် တိုးလာနေတာဖြစ်တဲ့အတွက် လူပေါင်း ၁၀၀ကျော်ဟာ ဘယ်လိုမှမဖြစ်သင့်ဘူး၊အဲဒီလိုစီတန်းလှည့်လည်တဲ့ လူတွေထဲCOVIDပိုးတစ်ယောက်လောက် သာပါခဲ့လိုက်လို့ရှိရင် ဒါတွေကိုဖြန့်ဖြူးသလိုဖြစ်သွားမှာပါ၊ ဝန်းရံတဲ့လူများတယ်ဆိုတာကနတ်မောက်မြို့သူမြို့သားစစ်စ်က ၅ယောက်ပြည့် အောင်မပါဘူး၊ ဒီလိုCOVIDကပ်ရောဂါဆိုးကာလမှာ ဘယ်သူကိုမဆို သင်္ချိုင်းကိုခေါ်သွားနိုင်တာကိုသိပြီး စီတန်းလှည့်လည်မှုမလုပ်သင့်ဘူး” ဟု ပြောသည်။

    Red News Agency

  • မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရသဖြင့် တစ်ရွာလုံး အသွားအလာ ကန့်သတ်

    မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရသဖြင့် တစ်ရွာလုံး အသွားအလာ ကန့်သတ်

    ဒီလှိုင်း
    မကွေး၊ နိုဝင်ဘာ ၁၂ ရက်။

    နိုင်ဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး ရာအိုင်ကြီးကုန်းကျေးရွာအုပ်စု ယင်းမာတောကျေးရွာတွင် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိရသဖြင့် ယင်းမာတောကျေးရွာအား အသွားအလာကန့်သတ်သည့် နေရာအဖြစ်နိုဝင်ဘာလ၁၀ရက်နေ့က သတ်မှတ်လိုက်ကြောင်းမကွေးမြို့နယ် ပြည်သူ့ကျန်မာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

    မကွေးမြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ဝန်ကြီးရုံး၏မေလရက်စွဲပါအမိန့်အမှတ်၅၄/၂၀၂၀အရကူးစက်ရောဂါများကာကွယ်နှိပ်နင်းရေးဥပဒေပုဒ်မ၁၄ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ဤအမိန့်ကိုထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကိုလိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းမာတော ကျေးရွာတွင် နေထိုင်သူများသည် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခွင့်မပြုရန်၊ပြင်ပမှပြည်သူများအနေဖြင့် ဝင်ရောက်ခြင်းမပြုရန်၊ နေထိုင်သူများ၏စားသောက်ကုန်ပစ္စည်းများဝယ်ယူရန်ဖြစ်စေ၊အရေးပေါ်ကျန်းမာရေးကိစ္စများပေါ်ပေါက်လျှင်ဖြစ်စေအသွားအလာကန့်သတ်နေရာရှိတာဝန်ကျသူများနှင့်ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဆရာ၊ဆရာမများအား NLD ပါတီ ထောက်ခံသူများဟု ပြည်ခိုင်ဖြိုးသတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲ ပြစ်တင်မှုMTF ကန့်ကွက်

    ဆရာ၊ဆရာမများအား NLD ပါတီ ထောက်ခံသူများဟု ပြည်ခိုင်ဖြိုးသတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲ ပြစ်တင်မှုMTF ကန့်ကွက်

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက်။

    အထွေထွေရွေးကောက်ပွဲကျင်းပစဥ် မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ၊ ဆရာမ အများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကြောင်း ပြည်ခိုင်ဖြိုး သတင်း စာရှင်းလင်းပွဲ ၌စွပ်စွဲ ပြစ်တင်ပြောဆိုချက်ကို ကန့်ကွက်​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ( MTF) ယနေ့ ထုတ်ပြန်လိုက်သည် ။

    ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေအထွေ ရွေးကောက်ပွဲကြီးသည် ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ၊ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည် Covid-19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှုကို အန်တုလျက်၊ နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူ့ဆန္ဒမဲများအား တိကျမှန်ကန်စွာ ရေတွက် မှတ်တမ်းပြုစုနိုင်ရေးတို့ကို အထူး လုံ့လဝီရိယပြုကာ၊ ကိုယ်ရောစိတ်ပါ အပင်ပန်းခံလျက် နာရီပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသည်ကို အများပြည်သူမှ သိရှိမှတ်တမ်းတင် ဂုဏ်ပြုလျက် ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သော မဲရုံတာဝန်ကို ထမ်းဆောင်ခဲ့ကြရာတွင် မဲဆန္ဒရှင် ပြည်သူများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သက်ဆိုင်ရာ ပါတီများမှ မဲရုံကိုယ်စား လှယ်များ၊ သတင်းမီဒီယာများ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဆရာ၊ ဆရာမများသည် နိုင်ငံ့ဝန် ထမ်းများ ဖြစ်သည်နှင့် အညီ မဲရုံတာဝန်ထမ်းဆောင်ချိန်၌ ဘက်လိုက်မှု ကင်းစွာ၊ ပွင့်လင်း မြင်သာမှုရှိစွာ ဆောင် ရွက်ခဲ့ကြသည်မှာ အများပြည်သူ အသိပင် ဖြစ်သော်လည်း ယနေ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်း ပသော သတင်းစာ ရှင်းလင်းပွဲ၌ “ဆရာ၊ ဆရာမ အများစုသည် NLD ပါတီ ထောက်ခံသူများဖြစ်ကာ ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရှိရပါသည်” ဟု အ ထောက်အထားမဲ့ စွပ်စွဲ ပြစ်တင် ပြောကြားခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်သည် ဆရာ၊ ဆရာမများ၏ ရိုးသားမှုနှင့် ဂုဏ်သိက္ခာကို ထိပါးစော်ကားသည်ဖြစ်ရာ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအပါအဝင် ပညာရေး ဝန်ထမ်းထုမှ လွန်စွာ စိတ်ပျက် ဒေါသ ဖြစ်လျက် ရှိကြောင်း MTF ကထုတ်ပြန်ထားသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အ နေဖြင့် အဆိုပါ ပြောကြားချက်အား ပြင်းထန်စွာ ရှုတ်ချ ကန့် ကွက်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မှားယွင်းစွာ စွပ်စွဲပြောကြားချက်အတွက် ဆရာ၊ ဆရာမထုအား တရားဝင် ပြန်လည်တောင်းပန်ရန် အ လေးအနက် တောင်းဆိုကြောင်း ထုတ်ပြန် ထားသည်။

    Red News Agency

  • NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို UBP ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြု

    NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်မှုကို UBP ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြု

    ဇင်လင်းနိုင်
    နေပြည်တော် ၊ နိုဝင်ဘာလ ၁၀ ရက်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဌ သူရဦးရွေမန်း ဂုဏ်ပြုလိုက်သည်။

    မကြာသေးမီရက်အတွင်းက UBP ၏ အဓိက ပြိုင်ဘက် ပါတီကြီး ၂ခု မှာ NLD နှင့် USDP ဟု သူရဦးရွေမန်းထုတ်ဖော်ပြောဆိုထားသည်။

    ယခုအခါ NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်အပါအဝင် တပြည်လုံးတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိ ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုကို အထူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံရေးတွင် မှန်ကန်ထိရောက်စွာ ဦးဆောင်နိုင်ပါစေကြောင်း သူရဦးရွေမန်းက လူမှုကွန်ယက်တွင် ရေးသားထားသည်။

    Red News Agency

  • လူစုလူဝေးဖြင့်အောင်ပွဲခံမှုများ မပြုလုပ်ကြရန် NLD ပန်ကြား

    လူစုလူဝေးဖြင့်အောင်ပွဲခံမှုများ မပြုလုပ်ကြရန် NLD ပန်ကြား

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။

    အောင်ပွဲခံမှုများကို ယခုအချိန်တွင် ထိန်းသိမ်းကြရပါမည်ဖြစ်၍ ပြဿနာများရှောင်ရှားနိုင်ရေး တည်တည်ငြိမ်ငြိမ်ဖြင့် နေထိုင်ကြရန် မျိုး သား ဒီ မို က ရေ စီ အ ဖွဲ့ ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ ပန်ကြားချက် ထုတ်ပြန်လိုက်သည်။

    ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲကြီးသည် နိုင်ငံတစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာမှလွဲ၍ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ၊ ဆန္ဒမဲလာပေးခဲ့ကြသော မဲဆန္ဒရှင် ပြည်သူများအားလုံးကို COVID-19 ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်စေပြီးမှ ဆန္ဒမဲပေးခြင်း၊ဆန္ဒမဲပေးပြီးသောအခါလည်း လက်သန့်ဆေးရည်ဖြင့် ဆေးကြောခိုင်းပြီးမှ လက်သန်းကို မှင်တို့စေခြင်း လုပ်ငန်းစဉ်များအရ ပြည်သူများကလည်း စနစ်တ ကျ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် အောင် မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ခဲ့သဖြင့် မဲဆန္ဒရှင် ပြည်သူအားလုံးကို အထူးတလည် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပန်ကြားချက် တွင် ဖော်ပြထားသည်။

    ပြည်သူသာလျှင် အဓိက ဆိုသည့်အတိုင်း ပြည်သူတို့၏ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူတို့၏ ဝီရိယရှိရှိ စည်းကမ်းရှိရှိ ဇွဲရှိရှိဖြင့် နိုဝင်ဘာလ (၈)ရက်နေ့ မဲရုံမဖွင့်မီကပင် တန်းစီ၍ ဆန္ဒမဲပေးရန် စောင့်နေခြင်း၊ ညနေ (၄) နာရီထိုးပြီး မဲမပေးရသေးသူများက တန်းစီစောင့်နေခြင်းတို့ကို မြင်တွေ့ ကြားသိခဲ့ရသဖြင့် ယခု ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကြီးသည် တန်ဖိုးရှိသော ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ် ကမ္ဗည်းမှတ်တမ်းတင်ကျန် ရစ်ခဲ့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထိုတန်ဖိုးရှိသော သိက္ခာရှိသော ရွေးကောက်ပွဲကို ရွေး ကောက်ပွဲအလွန် ရောဂါကူးစက်မှု တိုးတက် လာခြင်း အပါအဝင် ပြဿနာများ မဖြစ်ပွားစေရန် ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါသဖြင့် လူစုလူဝေးဖြင့်အောင်ပွဲခံမှုများကို ယခုအချိန်တွင် ထိန်းသိမ်းကြရပါမည်ဖြစ်ပြီး ပြဿ နာများရှောင်ရှားနိုင်ရန် တည်တည်ငြိမ်ငြိမ်ဖြင့် နေထိုင်ကြရန် ပန်ကြားထားသည်။

    ထို့အပြင် ပြည်သူများနှင့်အတူ ရွေးကောက်ပွဲကို အောင် မြင်စွာ ကျင်းပ နိုင်အောင် ဆောင်ရွက်ပေးကြသော အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မဲရုံတာဝန် ထမ်းဆောင်သော ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ COVIE – 19 ရောဂါအတွက် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးကို စောင့် ရှောက်ပေးခဲ့ကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထူးရဲများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအားလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း NLDက မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ထားသည်။

    Red News Agency

  • NLD ပါတီ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရကြောင်း ကြေညာ

    NLD ပါတီ အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရကြောင်း ကြေညာ

    ဇင်လင်းနိုင်
    ရန်ကုန် ၊ နိုဝင်ဘာ ၁၀ ရက်။

    နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်ကာ အနိုင်ရနေပြီဖြစ်ကြောင်း ကြေညာထားသည်။

    NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂ ဦးထက် ကျော်လွန်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ၂၃၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၁၂ ဦး၊ စုစုပေါင်း ၃၅၀ ဦး အနိုင်ရရှိနေပြီဖြစ်ကြောင်း NLD ပါတီ၏ လူမှုကွန်ရက် စာမျက်နှာ Chair NLD က ထုတ်ပြန်ထားသည်။

    Red News Agency

  • အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်သူ့ပါတီထုတ်ပြန်

    အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြည်သူ့ပါတီထုတ်ပြန်

    ဇင်လင်းနိုင်။ ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်။

    အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့ပါတီက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

    ပါတီစုံ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ် သန့်ရှင်း မျှတသည့် ရွေး ကောက်ပွဲများ ဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲရလာဒ်ကို လေးစားအကောင်အထည်ဖေါ်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအောက်တွင် တက်ကြွစွာ မဲပေးဆန္ဒပြုခဲ့ကြသော မဲဆန္ဒရှင် ပြည်သူ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိသော ကိုယ် စားလှယ်များ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းမှတ်တမ်း တင်ကြောင်း ပြည်သူ့ ပါတီက ထုတ်ပြန်ထားသည်။

    ရွေးကောက်ပွဲကာလ ယှဉ်ပြိုင်မှုများရှိခဲ့ကြသော်လည်း ရွေးကောက်ပွဲအလွန် နိုင်ငံတော် ပြန်လည် စုစည်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူ့ပါတီအနေဖြင့် အသစ်ဖြစ်ပေါ် လာမည့် အစိုးရနှင့် လွှတ် တော်အတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ၊ အ ကြံပြုမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံ တော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေ ညာခဲ့သည်။

    Red News Agency

  • မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တွင် NLD မှ ဒေါ်သက်ထားစုကြည်အနိုင်ရ

    မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တွင် NLD မှ ဒေါ်သက်ထားစုကြည်အနိုင်ရ

    ဇင်လင်းနိုင်။ ရန်ကုန်၊ နိုဝင်ဘာလ ၉ ရက်။

    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သက်ထားစုကြည်ကဆန္ဒမဲအရေအတွက် (၂၂၅၆၃) ရရှိပြီး အနိုင်ရရှိခဲ့သည်။ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) တွင် ဆန္ဒမဲ ၂၂၅၆၃ ၊ USDP ကိုယ်စားလှယ်လောင်းက ၁၄၅၄ မဲ၊တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (ယခင် NLD ပါတီမှ) ဆန္ဒမဲ (၁၉၃၉) ရရှိပါခဲ့ကြောင်း သိရသည်။

    Red News Agency