Author: RNA Editor

  • ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

    ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

    RNA – ဧပြီ ၂၂ ရက်။

    ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force)ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၂၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

    အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်များနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများက ဧပြီလ ၁၃ ရက်နေ့တွင် ချင်းအမျိုး သားအဖွဲ့ချုပ် နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

    ချင်းအမျိုးသား လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် CNA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ပြီး၊ အခြား ချင်းတိုင်းရင်းသားနက်ကိုင် အဖွဲ့အစည်းများမှာ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ်၊
    ကူကီးအမျိုးသားအစည်းအရုံး နှင့် ယခုအသစ်ဖွဲ့စည်းလိုက်သည့် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့တို့ဖြစ်သည်။

    Red News Agency

  • ”ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ” ဟံသာဝတီဦးဝင်းတင်

    ”ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ” ဟံသာဝတီဦးဝင်းတင်

    ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့သည် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ( ၇) နှစ်ပြည့်ဖြစ်သည်။ ဟံသာဝတီဦးဝင်းတင်သည် သတင်းစာဆရာ ဖြစ်သလို နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်နေသည့် အချိန်ကာလဖြစ်သည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ( VOL.5/18 ) ထုတ် Venus Venus News Weekly Journal အင်တာဗျူး ကဏ္ဍမှ ဦးဝင်းဇော်နိုင်မေးမြန်းပြီး ဟံသာဝတီ ဦးဝင်းတင် ဖြေကြားထားသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သတ်သည့် သဘောထားအမြင်ကို ကောက်နုတ်ဖော်ပြပါသည်။

    Venus  : ဖက်ဒရယ်ပြည်ထောင်စုကိုပြောနေကြတယ်ခင်ဗျ။ အန်ကယ့်အနေနဲ့ရော ဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုမြင်သလဲ ခင်ဗျ။

    UWT  :  ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ်လုပ်တုန်းကလဲ ဖက်ဒရယ်လို့ မပြောသော်လဲ သဘော ထား ကတော့ဖက်ဒရယ်သဘောထားပဲ၊ ဖက်ဒရယ်သဘောထားဘာလဲဆိုရင် လွတ်လပ်ရေးကိုအတူတွဲတိုက်ကြမယ်၊ နောက်တစ်ခုက လွတ်လပ်ရေးရပြီးရင်တူညီမျှမှုနဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အခြေခံမူပေါ်မှာဘယ်လိုစည်းကြမလဲဆို တာပဲ တန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဌာန်း ခွင့်ပေါင်းစည်းမယ်ဆိုတာကိုသဘောတူလိုက်ပြီဆိုရင် ဖက်ဒရယ် သဘောဆောင်တယ်လို့ ပြောလို့ရတယ်။ ဒါက ၁၉၄၉ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စ၊ဖဆပလလက် ထပ်တောင်ကြီးမှာ ညီလာခံလုပ်တုန်းက ပြည်နယ်ပေါင်းစုံညီလာခံကို ၁၉၆၂ခုနှစ် ဇွန်လထဲမှာလုပ်တယ်။ အဲ့ဒီညီလာခံမှာလဲ ဖက်ဒရယ်ပေးပါ။ ဖက်ဒရယ်ပုံစံနဲ့ ကျွန်တော်တို့ပြန်ဖွဲ့ပါ။ အဲ့ဒီမှာ ပြဿနာ ကဘာလဲဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ ပြည်နယ်ကလဲ ၄-၅ခုပဲရှိသေးတယ်။ ရှမ်း၊ကချင်၊ ကရင်၊ ကယား၊ ချင်း၊ အဲဒါ လောက်ပဲရှိသေးတယ်။

    အဲ့ဒီအခြေအနေကတော့ တော်တော်ရှင်းတဲ့ အနေအထားပေါ့။ ဒီအခြေအနေမှာဖွဲ့လိုက်ရင် ဗမာပြည်က ပြည်မဆိုတဲ့ပုံစံနေတာမဟုတ်ဘဲနဲ့ ပြည်မ၊ ပြည်နယ်မဟုတ်ဘဲနဲ့တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာမျိုးနဲ့ လုပ်တာ၊ ဒါကို ဗမာက သဘောမတူဘူး၊လက်မခံခဲ့ဘူး၊ သူတို့ရဲ့ဖွဲ့စည်းပုံကိုက ပြည်ထောင်စုသာဖွဲ့စည်းခဲ့ရင် ဗဟိုအစိုးရဆိုတာ မရှိတော့ဘူး၊ ပြည်နယ်အစိုးရတွေမှာ သူ့ရဲ့ လုပ်ပိုင် ခွင့်တွေ နိုင်ငံရေးအခွင့်အရေးတွေဒါတွေက ပြည်နယ်တိုင်းမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံရေးအခွင့် အရေးတွေ ဒါတွေက ပြည်နယ်တိုင်းမှာ ရှိသွားမယ်။

    ဗမာပြည်ကလဲပြည်နယ်တစ်ခုအနေနဲ့ပဲရှိရမယ်လေ။ ဗဟိုအစိုးရဆိုတာလဲ များများမရှိဘူးလေ နိုင်ငံခြားရေးလို ငွေစက္ကူထုတ်လုပ်လို ကိစ္စမျိုးတွေလောက်ပဲ ဗဟိုအစိုးရမှာရှိမယ်လေ၊ ဌာနပေါင်း ၈ခု ၉ ခုလောက်ပဲရှိမှာလေ။ဖက်ဒယ်ကိစ္စကို အရင်ကလဲ လုပ်ခဲ့ကြတယ်၊

    တစ်ကယ် ပြောရရင်သိပ်လက်မခံနိုင်ဘူး၊ လက်မခံနိုင်လို့ အာဏာသိမ်းလိုက်တယ် အာဏာသိမ်းပြီးနောက်ပိုင်း ဦးနေဝင်းကတစ်ပြိုင်ထဲ ဉာဏ်ပြေးတဲ့လူဆိုတော့ တိုင်းရင်း သားတွေကို စည်းရုံးတယ်၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေယူတယ်။ အခွင့်အရေးတွေပေးတယ်။၁၉၆၄ ကျတော့  မဆလအစိုးရက တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြည်ထောင်စုနေ့မန္တလေးမှာ ကြေညာတယ် ဗျ။

    အဲ့ဒီကြေညာစာတမ်းမှာတိုင်းရင်းသား တွေရဲ့အခွင့် အရေးတွေပါတယ်ဗျ။ အဲဒါမတိုင်လေးမှာ တိုင်းနယ်ပြည်နယ် ၁၄ တွေ လိုက်လုပ်တယ်ဗျာ။ ပြီးတော့မှ  တိုင်းရင်း သားအခွင့်အရေးတွေ ပြောတာလေ။ အဲလို တိုင်းနှင့်ပြည်နယ်၁၄ ခုရှိမှ အာဏာကို ဗမာတွေတစ်ဝက်တိုင်းရင်းသားတွေ တစ်ဝက်ဖြစ်သွားတာကို။ အဲ့ဒီမှာ ရခိုင်နဲ့မွန် ပြည်နယ်၊ ကယားတို့ တိုးလာတယ်။ ရန်ကုန်တိုင်းလို့ပေါ်လာတာပေါ့။ အရင်က ရန်ကုန်တိုင်းဆိုတာမရှိဘူးလေ။ ဒီနေ့မှာဖက်ဒရယ်က ပြဿနာ တွေရှိနေသေးတာပဲ။ ပြည်နယ်  ၈ ခု ခွဲမယ်ဆိုရင်လဲ ဗမာဟာ ပြည်နယ်တစ်ခုပေါ့ဗျ။

    တိုင်းရင်းသားတွေမှာလဲ ပြဿနာတွေရှိတာပဲ၊ တိုင်းရင်းသားတွေဘက်မှာ တိုင်း ၇ ခုထဲမှာပါနေတော့ ပြည်နယ်တွေပေးလာတယ်။ ဒါပေမယ့် တစ်ကယ်သာ ဖက်ဒရယ်ပြည်ထောင်စု လုပ်မယ်ဆိုရင်ရှမ်းပြည်နယ်ထဲမှာလဲ ဓနုတို့ ပအို့စသည်တို့ကခွဲထွက်ဖို့ပေါ်လာအုံးမှာ အဲလေချုပ်လိုက်လို့ရှိရင် ဖက်ဒရယ်ကတစ်ကယ်ရှုပ်ထွေးတဲ့ပြဿနာပဲ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်ဖွဲ့စည်းတဲ့ပုံစံတွေ တိုင်းဖွဲ့စည်းတဲ့ပုံတွေ နောက်တစ်ခါ စစ်တပ်တို့ဖွဲ့စည်းရာမှာလဲ ရှုပ်ထွေးနိုင်တာပဲလေ။ အာဏာခွဲဝေမှုမှာလဲ ရှုပ်ထွေးမယ်။ဒါကြောင့်ဖက်ဒရယ်ပုံစံကတော့ရှုပ်ရှုပ်ထွေးထွေးကတော့အများကြီးရှိနေမှာဘဲ၊ ဒါပေမယ့် အားလုံးကတော့မျှမျှတတဖြစ် အောင်လုပ်နေတာကို သဘောကျပါတယ်။ အခုလက်ရှိပုံစံကတော့ တောမရောက် တောင်မရောက်ပုံစံကိုတော့မကြိုက်၊ ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ပြဿနာတွေကိုတော့ညှိနှိုင်းဖြေရှင်းရမှာဘဲ။

    Red News Agency

  • NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

    NUGကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံ

    အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) ဖွဲ့စည်းခြင်းကို ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့က ထောက်ခံကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

    Red News Agency

  • အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

    အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

    ထားဝယ်၊ ဧပြီ ၂၁ ရက်။

    ထားဝယ်မြို့ စစ်အာဏာရှင် သပိတ်စစ်ကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်းက အကြမ်းဖက် ဖြိုခွင်းခံရပြီး အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် ဒဿမတန်း ကျောင်းသား ၂ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC) က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

    အသက် ၁၆ နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးနှင့် မောင်နေဇော်အောင်အပါအဝင် ပြည်သူ ၃ ဦးကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

    စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ် ဖြတ်မှုများ ပိုမိုလုပ် ဆောင်လာပါက အာဆီယံတွင် တာဝန်မကင်းဟု ၈၈ မျိုးဆက်များက သတိပေး

    ရန်ကုန်၊ ဧပြီ ၁၉ ရက်။

    အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ယနေ့ ထုတ်ပြန် သတိပေးလိုက်သည်။

    Red News Agency

  • တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) ဖွဲ့စည်း

    တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) ဖွဲ့စည်း

    RNA – ဧပြီ ၁၈ ရက်။

    တအာင်းနိုင်ငံရေး အင်အားစုများ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ကိုယ်စားပြုမည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ ( Ta’ang Political Consultative Committee – TPCC) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၁၈ ရက်) တွင် ကြေညာ ချက် ထုတ်ပြန်သည်။ TPCC အနေနှင့် NUG ကို ထောက်ခံကြိုဆိုကြောင်း၊ တော်လှန်ရေးပန်းတိုင် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို KNU Concerned Groupက ကြိုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို KNU Concerned Groupက ကြိုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းလိုက်ခြင်းအား KNU Concerned Groupက ကြိုဆိုကြောင်း ယနေ့ (ဧပြီ ၁၇ ) နံနက်ပိုင်းက ထုတ်ပြန်သည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

    ဧပြီ ၁၆ ရက်။ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းကြောင်း ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။

    Red News Agency

  • အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    RNA – ဧပြီ ၁၆ ရက်။

    အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်စာရင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကြေညာလိုက်ပြီး နောက်ထပ် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH က ထပ်မံ ထုတ်ပြန်လိုက်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Chater)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

    နိုင်ငံ၏ ဥပဒေပြုရေးဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    Red News Agency

  • ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    RNA – ဧပြီ ၁၃ ရက်။

    ဘာသာ​ရေးအဖွဲ့အစည်းများအားလုံး မိမိတို့၏ ဘာသာ​ရေးအ​ဆောက်အဦများတွင် စစ်​ကောင်စီဝင်များကို နား​နေခွင့်၊ ညအိပ်ည​နေခွင့် မပြုရန် ဗန်းမော်ခရိုင် KIA တပ်မဟာ ( ၃) ၊ တပ်ရင်း ၁၂ က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်ပြီး ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    ယင်းထုတ်ပြန်ချက်တွင် အိမ်စီးကားများ၊ ခရီးသည်တင် မော်တော်ယာဥ်များ၊ ကုမ္ပဏီသုံး ယာဥ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ပေးခြင်း စသည်တို့ကိုလည်း မပြုလုပ်ရန် သတိပေး တားမြစ်ထားသည်။

    ကချင်လွတ်လပ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကိုင်များ အကျအဆုံးများနေကြောင်း၊ ဒေသခံ ပြည်သူများ ၊ ဘာသာရေး အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီကို အကူအညီပေးမှု မပြုလုပ်ရန် ၊ စစ်အာဏာရှင်စနစ်ကို အားပေးသူ မဖြစ်ရန် ကချင်လွတ်လပ်ရေး တပ်မတော် တပ်ရင်းများက သတိပေးထားခြင်း ဖြစ်သည်။

    Red News Agency