ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟု ဆိုကာ ရေနံချောင်းတွင် ဆန္ဒထုတ်ဖော်

ဒီလှိုင်း
ရေနံချောင်း၊ နိုဝင်ဘာ ၂၄ ရက်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက် သူဌေးကုန်းရပ်နေ ဦးကျော်ညွှန့်ဝေ ဦးဆောင်ပြီး ဥပဒေနှင့်မညီသောရွေးကောက်ပွဲရလဒ်အလိုမရှိ ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့ ၊ ကျောက်မဆင်အဝင် ဇရပ်တွင်စုဝေးခြင်း၊ ကျောက်မဆင်ရပ်အဝင်ဇရပ်မှ တွင်းကုန်း-ဘုရားကုန်းလမ်းအတိုင်း ကျောက်မဆင်အားကစားကွင်းအထိ စီတန်းလမ်းလျှောက်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ တရားဝင်စာတင်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

” ဆန္ဒပြတာကရလဒ်ကို မကျေနပ်လို့မဟုတ်ပါဘူး၊ရွေးကောက်ပွဲကြီးရဲ့ ဖြစ်စဉ်အပေါ်မှာ တရားမျှတမှုမရှိတာ‌တွေ၊ဥပ‌ဒေမဲ့မှုတွေ၊လွတ်လပ်မျှတမှုမရှိတာတွေကိုဖော်ထုတ်ဆန္ဒပြတာပါ၊လူအင်း၂၇ယောက် လောက်နဲ့မနက်၈နာရီလောက်မှာ စတင်စုဝေးပါတယ်၊ ၈နာရီခွဲလောက်မှာ စတင်စီတန်းလှည့်လည်ပါတယ်၊ ၉နာရီလောက်ဟောပြောပွဲစပါတယ်၊ဟောပြောပွဲကရေနံချောင်းမြို့နယ်ကျောက်မဆင်ကျေးရွာမှာပြုလုပ်ပါတယ်၊ဝန်းရံအင်းအားကတော့လုံခြုံရေးအဖွဲ့တွေကကျွန်တော်တို့ပတ်လည်မှာဝန်းရံခွင့် မပြုတဲ့အတွက် ဘယ်လောက်ရှိလဲဆိုတာ မှန်းမရပါဘူး၊ဝန်းရံသူတွေကျွန်တော်ဟောပြောတဲ့နေရာနဲ့ဝေးတဲ့နေရာတွေမှာဘဲထားတာပါ၊တစ်ကယ်တန်းဆိုဝန်းရံသူ၂၀၀ခန့်တော့ရှိမယ်ထင်ပါတယ်၊၅နှစ်တစ်ကြိမ်ဖြစ်တဲ့ရွေးကောက်ပွဲကြီးကိုတစ်ကဲယ့် ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်အောင်၊ စည်းကမ်းရှိအောင်၊သန့်ရှင်းမျှတအောင်အဲလိုလေးတွေကိုဦးတည်တဲ့အတွက်ဆန္ဒဖော်ထုတ်တာပါ၊၂၀၂၀ရွေးကောက်ပွဲကျင်းပရာတွင်ကျင်းပရာတွင်တရားမျှတမှုမရှိသည့်အတွက်ဒီနေ့ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်လျှောက်ထားပြီးကျင်းပပြုလုပ်ခဲ့ပါတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးကျော်ညွှန့်ဝေကပြောသည်။

အရွယ်အစား၂ပေခွဲ×၂ပေရှိ ကတ်ထူပြား အဖြူရောင်အပေါ်တွင် အစိမ်းရောင်စာလုံးဖြင့် ဥပဒေနှင့် မညီသော ရွေးကောက်ပွဲရလဒ်အလိုမရှိ အလိုမရှိ။ မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး ဒို့အရေး။ COVIDငွေကြေး မဲဆွယ်ပေး အလိုမရှိ အလိုမရှိ။ ကြိုတင်မဲများစစ်ဆေးပေးရေးဒို့အရေး ဒို့အရေး။ ငွေကြေးဖြင့် မဲဆွယ်စည်းရုံးမှုအလိုမရှိ အလိုမရှိ။ မဲဆန္ဒရှင်စာရင်းများစစ်ဆေးပေးရေးဒို့အရေး၊ဒို့အရေး၊တရားမျှတသောရွေးကောက်ပွဲဖြင့်ရေးဒို့အရေး ဒို့အရေး ဟု ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စိုးသူအောင်

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *