စစ်တပ်အာဏာသိမ်းပြီး ၆၉ ရက် အတွင်း ပြည်သူ ၇၀၁ သေဆုံး

RNA – ဧပြီ ၁၁ ရက်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၆၉ ရက်အတွင်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းဆီး ဖြိုခွင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူ ၇၀၁ ကျဆုံးသွားရကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။

ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ကျဆုံးသူ ၈၂ ဦး ရှိခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး ဧပြီလ ၁၀ ရက်နေ့အထိ ဖမ်း ဆီးခံရသူ ၃၈၀၃ ဦး၊ ချုပ်နှောင်ထားခံရဆဲသူ ၃၀၁၂ ဦး၊ အနည်းဆုံးပြည်သူ ၂၃ ဦးကို သေဒါဏ်ချမှတ်ထားကြောင်း၊ ၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်ကြောင်း ၊ ထုတ်ပြန်ထားသည့် ကျဆုံးစာရင်းတွင် မပါဝင်သူများရှိနိုင်ကြောင်း သိရသည်။

Red News Agency

By RNA Editor