နိုင်ငံတော်သမ္မတနှင့် UECကိုထောက်ခံကြောင်းရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

ဇင်လင်းနိုင်
ရန်ကုန် ၊ ဇန်နဝါရီ ၂၄ရက်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲသူများက နိုင်ငံတော်သမ္မတနှင့်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကိုလှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရှင်သန်ရေးကိုထောက်ခံကြောင်း၊ တတိယအကြိမ်လွှတ်တော်ကို NLDမှခေါ်ယူခြင်းကို ကြိုဆိုထောက်ခံကြောင်း စသည့် စာသားပါ ဗီနှိုင်းများကိုင်ဆောင် ကာ ယင်းကြွေကြော်သံများဖြင့် ဆူးလေစေတီတော်အား တပတ်လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခြင်း၊မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်ပွဲအား သက်ဆိုင်ရာ ငြိမ်းစုစီ ခွင့်ပြုချက် တင်ပြကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *