မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

ဒီလှိုင်း
မကွေး၊ ဒီဇင်ဘာ ၁၇ ရက်။

မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၇ရက်နေ့နံနက် ၉နာရီမှ၁၀နာရီအချိန်ထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ(ဆန့်ကျင်ကြဆန့်ကျင်ကြ)၊ လွတ်လပ် သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အမြန်ဆုံး ဖွဲ့စည်းပေးရေး(ဒို့အရေး ဒို့အရေး)၊ ကြိုတင်မဲများစစ်ဆေးပေးရေး(ဒို့အရေး ဒို့အရေး)၊ ငွေ​ကြေးဖြင့်မဲဆွယ်စည်းရုံးမှု (အလိုမရှိ အလိုမရှိ)၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ်(အလိုမရှိအလိုမရှိ) စသည့်ကြွေးကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

” မျှမျှတတပြန်ဖြစ်ချင်ပါတယ်၊ မှန်မှန် ကန်ကန် ပြန်ဖြစ်ချင်ပါတယ်၊ပြန်ပြီးရွေးကောက်ခိုင်းတာမဟုတ်ပါဘူး၊ပြန်ပြီး စစ်ဆေးပေးစေချင်တာ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်စန္ဒာသိန်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အား ခွင့်ပြုချက်နှင့်အညီဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ထံငြိမ်းစုစီတင်၍ဆန္ဒထုတ်‌ဖော်ခဲ့ကြောင်း သိရသည်။

” ထုံးပေါက်တောရွာမှာ သေဆုံးသူရဲ့စာရင်းကိုမဲစာရင်းပေးထားပါတယ်၊အင်တိုင်းကြီးရွာမှာဦးဇင်းဝတ်နဲ့မဲပေးထားတာရှိပါတယ်၊ပဌနဂိုရ်မှာဆိုရင် အသက်မပြည့်ဘဲနဲ့မဲပေး ထားတာတွေရှိပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ဦးဆောင်သူ ဒေါ်အေးအေးမြင့်ကပြောသည်။

” ဆန္ဒထုတ်ဖော်မှုပြုလုပ်တာကိုငြိမ်းစုစီလာရောက်တင်ပါတယ်၊စီတန်းလှည့်လည်တာကတော့ကျား၂၀၊မ၉နဲ့ လှည့်လည်သွားပါတယ်၊ဝန်းရံအင်းအားမရှိပါဘူး” ဟုမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမှူးဒုရဲမှူးစိန်အောင်ကပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် မကွေးမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့မှ လမ်းငါးသွယ်၊အထက ၁ လမ်း၊သစ္စာလမ်း၊တောင်တွင်းလမ်း အတိုင်းစီတန်းလှည့်လည်ပြီး ပြည်ခိုင်ဖြိုးရုံရှေ့စုရပ်သို့ ပြန်လာခဲ့ကြောင်းသိရှိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *