ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ။
၁။ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာရပ်ခံ သတိပေး အ ကြောင်းကြားစာများသည် သတင်းမီဒီယာ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ထိပါးစေသဖြင့် ဤသတင်းမီဒီယာများ၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

၂။ ဖေဖော်ဝါရီလ(၁၃) ရက်နှင့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့များတွင် သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာ ရပ်ခံသတိပေးအကြောင်း ကြားစာများတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်သဖြင့် အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ၊စစ်ကောင်စီဟု သတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုရန် ဖော်ပြပါရှိသည်။

၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ရှိ နိုင်ငံ့အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားသည်ဟု ပြောဆိုနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့သည့် မေတ္တာရပ်ခံ သတိပေးအကြောင်းကြားစာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄(က) ပါ ပြဌာန်းချက်များအရ သ တင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာအခွင့်အရေးများနှင့် ဆန့်ကျင်နေသည်။

၄။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာပိုဒ် (၁၉) တွင်ဖော်ပြထားသည့် လွတ်လပ်စွာသတင်းရေးသားထုတ်လွှင့်ခြင်း ဆိုင်ရာအခွင့်အရေးများပေါ်တွင် ယခုသတင်းမီဒီယာများက ယုံကြည်ရပ်တည်သည်။
၅။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့်ဖော်ပြသည့် အကြောင်းအရာများနှင့် အသုံးအနှုန်းများကို သတင်းမီဒီယာ၏ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက် ရေးသားထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
Red News Agency