တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) ဖွဲ့စည်း

RNA – ဧပြီ ၁၈ ရက်။

တအာင်းနိုင်ငံရေး အင်အားစုများ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ကိုယ်စားပြုမည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ ( Ta’ang Political Consultative Committee – TPCC) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၁၈ ရက်) တွင် ကြေညာ ချက် ထုတ်ပြန်သည်။ TPCC အနေနှင့် NUG ကို ထောက်ခံကြိုဆိုကြောင်း၊ တော်လှန်ရေးပန်းတိုင် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

Red News Agency

By RNA Editor