ချင်းအမျိုးသား လက်နက်ကိုင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်း

RNA – ဧပြီ ၂၂ ရက်။

ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသစ်တစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force)ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ယနေ့ ( ဧပြီလ ၂၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်များနှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများက ဧပြီလ ၁၃ ရက်နေ့တွင် ချင်းအမျိုး သားအဖွဲ့ချုပ် နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသား လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် CNA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ပြီး၊ အခြား ချင်းတိုင်းရင်းသားနက်ကိုင် အဖွဲ့အစည်းများမှာ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ်၊
ကူကီးအမျိုးသားအစည်းအရုံး နှင့် ယခုအသစ်ဖွဲ့စည်းလိုက်သည့် ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့တို့ဖြစ်သည်။

Red News Agency

By RNA Editor