အသက်မပြည့်သေးသည့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် TNC တောင်းဆို

ထားဝယ်၊ ဧပြီ ၂၁ ရက်။

ထားဝယ်မြို့ စစ်အာဏာရှင် သပိတ်စစ်ကြောင်း ယနေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်းက အကြမ်းဖက် ဖြိုခွင်းခံရပြီး အသက်မပြည့်သေးသည့် အသက် ၁၆ နှစ်အရွယ် ဒဿမတန်း ကျောင်းသား ၂ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက် (TNC) က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အသက် ၁၆ နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးနှင့် မောင်နေဇော်အောင်အပါအဝင် ပြည်သူ ၃ ဦးကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

Red News Agency

By RNA Editor