ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
Red News Agency

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့် အတူ ရပ်တည်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
Red News Agency

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ ၁၀ ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး Civil Disobedience Movement (CDM) ပါဝင်နေ သည့် ဝန်ထမ်းတွေကို တရားမဝင် ခြိမ်းခြောက် ၊ ဖိအားပေး အလုပ်ထုတ်ပယ်ခြင်း များလုပ်ဆောင်နေသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

ဇိုတုန်နယ် ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့
ဖွဲ့စည်းကြောင်း ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

RNA – ဧပြီ ၂၇ ရက်။
မြစ်ကြီးနား – ဗန်းမော် လမ်းမပေါ်သွားလာနေသည့် အိမ်စီးကား၊ ခရီးသည်တင်မော်တော်ယာဥ်စသည်တို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ပစ္စည်းလက်နက် စားနပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုလုပ်ရန် KIA အမှတ် ( ၂) လှုပ်ရှားပ်မဟာက ယနေ့တွင် ထုတ်ပြန်ထားသည်။
မော်တော်ယာဥ်များအနေဖြင့် မှန်အလုံပိတ်၊ မိုးကာများ အုပ်သွားတာမျိုး မပြုလုပ်ရန်နှင့်၊ ယနေ့မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် ထုတ်ပြန်ထားပြီး၊ မလိုက်နာကပါက ပြင်းထန်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Red News Agency

နေပြည်တော် ၊ ဧပြီ ၂၇ ရက်။
ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက် အပြည့်အစုံမှာ -၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ် နေမှုများကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်။
၃။ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများ အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ်ကန့်သတ်ချက်များအတိုင်း ငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
Red News Agency

ကချင် လွတ်လပ်ရေးတပ်မတော် ( KIA) တပ်မဟာ ( ၃)- မိုးမောက်မြို့နယ်အတွင်း တပ်ရင်း ( ၁၅) စစ်ရေးဆိုင်ရာကန့်သတ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း၊ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ ( ဧပြီလ ၂၆ ရက်) တွင် ထုတ်ပြန်ထားသည်။
Red News Agency

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဥက္ကဌ အဖြစ် ဦးအောင်ကြည်ညွန့် တာဝန်ယူသွားမည်ဖြစ်ပြီး ကော်မတီ ၈ ခု ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဧပြီလ ၂၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် (၁) ဒေါ်ဖြူဖြူသင်း၊ (၂)ဦးထွန်းမြင့်၊ (၃)ဦးလမင်းထွန်း (ခ) အဖြိုး တို့ကို ခန့်အပ်ထားပြီး ကျန်ကော်မတီဝန်တွေနဲ့ တာဝန်ခွဲဝေ လုပ်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။
ကော်မတီ ၈ ခုမှာ
၁။ ဥပဒေရေးရာကော်မတီ
၂။ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
၃။ ဘဏ္ဍာရေးရာကော်မတီ
၄။ ပြည်သူ့ရေးရာကော်မတီ
၅။ ဖက်ဒရယ်ရေးရာကော်မတီ
၆။ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ
၇။ နိုင်ငံတကာဆက်ဆံရေးကော်မတီ
၈။ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီ တို့ ပါဝင်မယ်လို့လည်း သိရပါတယ်။
Red News Agency

RNA ၊ ဧပြီ ၂၆ ရက်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည့်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦလမာနော်အောင်နှင့် ဦးစည်သူမောင်တို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ( ဧပြီလ ၂၆)တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Red News Agency

စစ်အာဏာရှင်လက်အောက်တွင် ပညာသင်ကြားမည်မဟုတ်ကြောင်း လာရှိုးမြို့ ပညာရေးကောလိပ် ကျောင်းသား ကျောင်းသူများက သဘောထား ထုတ်ပြန်ထားသည်။
Red News Agency

RNA – ဧပြီ ၂၂ ရက်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ယနေ့တွင် NUG က ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊ ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း စသည့် အချက်အလက်တို့ အကြောင်းကြားစာတွင် ဏာရှိသည်ဟု သိရသည်။

မင်းအောင်လှိုင်အာဆီယံအစည်းအဝေး သို့ လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတိပေးချက် ထုတ်ပြန်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ တောင်းဆိုကြောင်း၊ မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသောအမှုများအတွက် ICJ နှင့် ICC တရားရုံးနှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်းစသည့် အကြောင်းအရာများ အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်းရေးမှူးထံ ပေးပို့သည့် အကြောင်း ကြားစာတွင် ပါရှိသည်ဟု ထုတ်ပြန်ထားသည်။
Red News Agency