အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

RNA – ဧပြီ ၁၆ ရက်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်စာရင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကြေညာလိုက်ပြီး နောက်ထပ် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH က ထပ်မံ ထုတ်ပြန်လိုက်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Chater)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံ၏ ဥပဒေပြုရေးဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

Red News Agency

By RNA Editor