ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

RNA – ဧပြီ ၁၃ ရက်။

ဘာသာ​ရေးအဖွဲ့အစည်းများအားလုံး မိမိတို့၏ ဘာသာ​ရေးအ​ဆောက်အဦများတွင် စစ်​ကောင်စီဝင်များကို နား​နေခွင့်၊ ညအိပ်ည​နေခွင့် မပြုရန် ဗန်းမော်ခရိုင် KIA တပ်မဟာ ( ၃) ၊ တပ်ရင်း ၁၂ က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်ပြီး ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် အိမ်စီးကားများ၊ ခရီးသည်တင် မော်တော်ယာဥ်များ၊ ကုမ္ပဏီသုံး ယာဥ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ပေးခြင်း စသည်တို့ကိုလည်း မပြုလုပ်ရန် သတိပေး တားမြစ်ထားသည်။

ကချင်လွတ်လပ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကိုင်များ အကျအဆုံးများနေကြောင်း၊ ဒေသခံ ပြည်သူများ ၊ ဘာသာရေး အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီကို အကူအညီပေးမှု မပြုလုပ်ရန် ၊ စစ်အာဏာရှင်စနစ်ကို အားပေးသူ မဖြစ်ရန် ကချင်လွတ်လပ်ရေး တပ်မတော် တပ်ရင်းများက သတိပေးထားခြင်း ဖြစ်သည်။

Red News Agency

By RNA Editor