14
Jan
RNA_ဇန်နဝါရီ(၁၄)၊၂၀၂၅ခုနှစ်။ တိုက်ပွဲအတွင်းဖမ်းဆီးခံလိုက်ရသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA ရဲဘော် ၅ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်လိုက်သည်ဟု PNLA ကယနေ့ ထုတ်ပြန်လိုက်သည်။ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးတွင် ဇန်နဝါရီလ (၁၂) ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းတို့ PNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ကြောင်း၊ PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရသည်။ (more…)