22                                    
                                    
                                        Jul 
                                    
                                
                            
                        
                        
                    
                        RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။ ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ…                    
                                            
                                    