16
Apr
RNA – ဧပြီ ၁၆ ရက်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်စာရင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကြေညာလိုက်ပြီး နောက်ထပ် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH က ထပ်မံ ထုတ်ပြန်လိုက်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Chater)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ နိုင်ငံ၏ ဥပဒေပြုရေးဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ…