Red News Agency

Independent Journalism for Justice and Human Rights.

Category: အင်တာဗျူး

  • အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH ထုတ်ပြန်

    RNA – ဧပြီ ၁၆ ရက်။

    အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်စာရင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကြေညာလိုက်ပြီး နောက်ထပ် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေး ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု CRPH က ထပ်မံ ထုတ်ပြန်လိုက်သည်။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Chater)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

    နိုင်ငံ၏ ဥပဒေပြုရေးဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

    Red News Agency

  • ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    ဘာသာရေး အဆောက်အဦများတွင် စစ်ကောင်စီဝင်များကို နားနေခွင့်မပြုရန် KIA ထုတ်ပြန် ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်

    RNA – ဧပြီ ၁၃ ရက်။

    ဘာသာ​ရေးအဖွဲ့အစည်းများအားလုံး မိမိတို့၏ ဘာသာ​ရေးအ​ဆောက်အဦများတွင် စစ်​ကောင်စီဝင်များကို နား​နေခွင့်၊ ညအိပ်ည​နေခွင့် မပြုရန် ဗန်းမော်ခရိုင် KIA တပ်မဟာ ( ၃) ၊ တပ်ရင်း ၁၂ က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်ပြီး ၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

    ယင်းထုတ်ပြန်ချက်တွင် အိမ်စီးကားများ၊ ခရီးသည်တင် မော်တော်ယာဥ်များ၊ ကုမ္ပဏီသုံး ယာဥ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ပစ္စည်း လက်နက် ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ပေးခြင်း စသည်တို့ကိုလည်း မပြုလုပ်ရန် သတိပေး တားမြစ်ထားသည်။

    ကချင်လွတ်လပ်ရေး တပ်မတော်အနေဖြင့် အကြမ်းဖက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကိုင်များ အကျအဆုံးများနေကြောင်း၊ ဒေသခံ ပြည်သူများ ၊ ဘာသာရေး အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီကို အကူအညီပေးမှု မပြုလုပ်ရန် ၊ စစ်အာဏာရှင်စနစ်ကို အားပေးသူ မဖြစ်ရန် ကချင်လွတ်လပ်ရေး တပ်မတော် တပ်ရင်းများက သတိပေးထားခြင်း ဖြစ်သည်။

    Red News Agency

  • ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း

    ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း

    RNA – ဧပြီ ၁၃ ရက်။

    ချင်းပြည်နယ်နှင့် ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန်အတွက် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက်သေဆုံး

    စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက်သေဆုံး

    တမူး၊ ဧပြီ ၁၁ ရက်။

    ကူကီးတပ်မတော် ဦးဆောင်မှုဖြင့် တမူးမြို့ပေါ်မှ ကျောင်းသားများ၊ CDM ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းကာ ပြန်လှန်ခုခံ တိုက်ထုတ်ခဲ့မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက် သေဆုံးခဲ့သည်ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်တပ်အာဏာသိမ်းပြီး ၆၉ ရက် အတွင်း ပြည်သူ ၇၀၁ သေဆုံး

    စစ်တပ်အာဏာသိမ်းပြီး ၆၉ ရက် အတွင်း ပြည်သူ ၇၀၁ သေဆုံး

    RNA – ဧပြီ ၁၁ ရက်။

    စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၆၉ ရက်အတွင်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းဆီး ဖြိုခွင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူ ၇၀၁ ကျဆုံးသွားရကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။

    ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ကျဆုံးသူ ၈၂ ဦး ရှိခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်တပ်အာဏာသိမ်းပြီး ဧပြီလ ၁၀ ရက်နေ့အထိ ဖမ်း ဆီးခံရသူ ၃၈၀၃ ဦး၊ ချုပ်နှောင်ထားခံရဆဲသူ ၃၀၁၂ ဦး၊ အနည်းဆုံးပြည်သူ ၂၃ ဦးကို သေဒါဏ်ချမှတ်ထားကြောင်း၊ ၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်ကြောင်း ၊ ထုတ်ပြန်ထားသည့် ကျဆုံးစာရင်းတွင် မပါဝင်သူများရှိနိုင်ကြောင်း သိရသည်။

    Red News Agency

  • လွတ်လပ်သောသတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

    လွတ်လပ်သောသတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

    ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ။

    ၁။ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာရပ်ခံ သတိပေး အ ကြောင်းကြားစာများသည် သတင်းမီဒီယာ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ထိပါးစေသဖြင့် ဤသတင်းမီဒီယာများ၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

    ၂။ ဖေဖော်ဝါရီလ(၁၃) ရက်နှင့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့များတွင် သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာ ရပ်ခံသတိပေးအကြောင်း ကြားစာများတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်သဖြင့် အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ၊စစ်ကောင်စီဟု သတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုရန် ဖော်ပြပါရှိသည်။

    ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ရှိ နိုင်ငံ့အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားသည်ဟု ပြောဆိုနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့သည့် မေတ္တာရပ်ခံ သတိပေးအကြောင်းကြားစာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄(က) ပါ ပြဌာန်းချက်များအရ သ တင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာအခွင့်အရေးများနှင့် ဆန့်ကျင်နေသည်။

    ၄။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာပိုဒ် (၁၉) တွင်ဖော်ပြထားသည့် လွတ်လပ်စွာသတင်းရေးသားထုတ်လွှင့်ခြင်း ဆိုင်ရာအခွင့်အရေးများပေါ်တွင် ယခုသတင်းမီဒီယာများက ယုံကြည်ရပ်တည်သည်။
    ၅။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့်ဖော်ပြသည့် အကြောင်းအရာများနှင့် အသုံးအနှုန်းများကို သတင်းမီဒီယာ၏ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက် ရေးသားထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

    Red News Agency

  • နိုင်ငံတော်သမ္မတနှင့် UECကိုထောက်ခံကြောင်းရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

    နိုင်ငံတော်သမ္မတနှင့် UECကိုထောက်ခံကြောင်းရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်

    ဇင်လင်းနိုင်
    ရန်ကုန် ၊ ဇန်နဝါရီ ၂၄ရက်။

    နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

    ဆန္ဒဖော်ထုတ်ပွဲသူများက နိုင်ငံတော်သမ္မတနှင့်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုထောက်ခံကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ထောက်ခံကြောင်း၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကိုလှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရှင်သန်ရေးကိုထောက်ခံကြောင်း၊ တတိယအကြိမ်လွှတ်တော်ကို NLDမှခေါ်ယူခြင်းကို ကြိုဆိုထောက်ခံကြောင်း စသည့် စာသားပါ ဗီနှိုင်းများကိုင်ဆောင် ကာ ယင်းကြွေကြော်သံများဖြင့် ဆူးလေစေတီတော်အား တပတ်လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခြင်း၊မဟာဗန္ဓုလပန်းခြံရှေ့တွင် ဟောပြောခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ ပြုလုပ်ခဲ့သည်။

    ယင်းဆန္ဒဖော်ထုတ်ပွဲအား သက်ဆိုင်ရာ ငြိမ်းစုစီ ခွင့်ပြုချက် တင်ပြကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

    မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ဆောင်ချက်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်

    ဒီလှိုင်း
    မကွေး၊ ဒီဇင်ဘာ ၁၇ ရက်။

    မကွေးမြို့တွင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်သဖြင့် ဒီဇင်ဘာလ ၁၇ရက်နေ့နံနက် ၉နာရီမှ၁၀နာရီအချိန်ထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

    ဆန္ဒထုတ်ဖော်သူများက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ(ဆန့်ကျင်ကြဆန့်ကျင်ကြ)၊ လွတ်လပ် သည့်စုံစမ်းစစ် ဆေးရေးကော်မရှင်အမြန်ဆုံး ဖွဲ့စည်းပေးရေး(ဒို့အရေး ဒို့အရေး)၊ ကြိုတင်မဲများစစ်ဆေးပေးရေး(ဒို့အရေး ဒို့အရေး)၊ ငွေ​ကြေးဖြင့်မဲဆွယ်စည်းရုံးမှု (အလိုမရှိ အလိုမရှိ)၊ ဥပဒေနှင့် မညီသောရွေးကောက်ပွဲ ရလဒ်(အလိုမရှိအလိုမရှိ) စသည့်ကြွေးကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    ” မျှမျှတတပြန်ဖြစ်ချင်ပါတယ်၊ မှန်မှန် ကန်ကန် ပြန်ဖြစ်ချင်ပါတယ်၊ပြန်ပြီးရွေးကောက်ခိုင်းတာမဟုတ်ပါဘူး၊ပြန်ပြီး စစ်ဆေးပေးစေချင်တာ” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သူ ဒေါ်စန္ဒာသိန်းကပြောသည်။

    ရွေးကောက်ပွဲကော်မရှင်အား ခွင့်ပြုချက်နှင့်အညီဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ထံငြိမ်းစုစီတင်၍ဆန္ဒထုတ်‌ဖော်ခဲ့ကြောင်း သိရသည်။

    ” ထုံးပေါက်တောရွာမှာ သေဆုံးသူရဲ့စာရင်းကိုမဲစာရင်းပေးထားပါတယ်၊အင်တိုင်းကြီးရွာမှာဦးဇင်းဝတ်နဲ့မဲပေးထားတာရှိပါတယ်၊ပဌနဂိုရ်မှာဆိုရင် အသက်မပြည့်ဘဲနဲ့မဲပေး ထားတာတွေရှိပါတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ဦးဆောင်သူ ဒေါ်အေးအေးမြင့်ကပြောသည်။

    ” ဆန္ဒထုတ်ဖော်မှုပြုလုပ်တာကိုငြိမ်းစုစီလာရောက်တင်ပါတယ်၊စီတန်းလှည့်လည်တာကတော့ကျား၂၀၊မ၉နဲ့ လှည့်လည်သွားပါတယ်၊ဝန်းရံအင်းအားမရှိပါဘူး” ဟုမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမကွေးမြို့အမှတ်၁နယ်မြေမြို့မစခန်းမှစခန်းမှူးဒုရဲမှူးစိန်အောင်ကပြောသည်။

    ဆန္ဒထုတ်ဖော်သူများသည် မကွေးမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့မှ လမ်းငါးသွယ်၊အထက ၁ လမ်း၊သစ္စာလမ်း၊တောင်တွင်းလမ်း အတိုင်းစီတန်းလှည့်လည်ပြီး ပြည်ခိုင်ဖြိုးရုံရှေ့စုရပ်သို့ ပြန်လာခဲ့ကြောင်းသိရှိရသည်။

    Red News Agency

  • ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

    ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ချောက်မြို့တွင် UECကို ဆန္ဒပြ

    ဒီလှိုင်း
    ချောက်၊ နိုဝင်ဘာ၂၉ ရက်။

    မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲခိုးမှုများ စစ်ဆေးပေးရေး၊ ကြိုတင်မဲများ စစ်ဆေးပေးရေတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာ လ ၂၈ ရင်နေ့က တောင်းဆိုဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။

    ချောက်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံ ဝန်းရံသူ ၂၅ဦးကနိုဝင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ‌ချောက်မြို့ပြည်ခိုင်ဖြိုး‌ရုံးရှေ့မှ လမ်းမတော်လမ်းအတိုင်း အေးစေတီလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊အနော်ရထားတံတားထိပ်၊ရွှေတွင်းကုန်းအဆင်းလမ်း မှပျဉ်းမလမ်းအတိုင်း စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ပြီး ချောက်မြို့မရဲစခန်းလမ်းဆုံမှ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံတွင် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။

    ဆန္ဒထုတ်ဖော်မှုတွင် ဥပဒေနှင့် မညီသောရွေးကောက်ပွဲရလဒ် အလိုမရှိ၊မဲခိုးမှုများစစ်ဆေးပေးရေးဒို့အရေး၊COVIDငွေကြေးမဲဆွယ်ပေးအလိုမရှိ၊ကြိုတင် မဲများ စစ်ဆေးပေးရေး ဒို့အရေး၊ငွေကြေးဖြင့်မဲဆွယ်စည်းရုံးမှု အလိုမရှိ၊မဲဆန္ဒရှင် စာရင်းများစစ်ဆေးပေးရေး ဒို့အရေး၊ တရားမျှတ‌ သော ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး စသည့်အချက်၇ချက်ရှိသော စာသားများပါ ကတ်ထူးပြားများကို ကိုင် ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရှိရသည်။

    Red News Agency

  • မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

    မိတ္ထီလာမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု မရှိဟုဆိုကာ UEC ကို ဆန္ဒပြ

    ဒီလှိုင်း
    မိတ္ထီလာ၊ နိုဝင်ဘာ ၂၈ ရက်။

    ဓာတ်ပုံ – ထီလာကိုငယ်လေး

    ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှု မရှိခြင်းအပေါ် ယနေ့ ( နိုဝင်ဘာလ၂၈ရက်‌) နံနက် ၉ နာရီမှ စတင်ကာ မိတ္ထီလာမြို့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

    ဓာတ်ပုံ – ထီလာကိုငယ်လေး

    မိတ္ထီလာမြို့ ၊ ဈေးအရှေ့ပြင်ရပ်ကွက်၊မြောက်ကန်ဘောင်ထိပ် ဇော်ဆေးခန်းအနီးတွင် စုရပ်လုပ်ခဲ့ပြီး၊ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား ဦးဇေယျာဟိန်းကဦးဆောင်ပြီး၊ ဦးမြသွင်(ခ) ဦးမြင့်စန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွတ်လပ်မျှတမှုမရှိခြင်း အကြောင်းအရာတို့ကို ဟောပြောခဲ့သည်။

    ဓာတ်ပုံ – ထီလာကိုငယ်လေး

    ” အဓိကတော့ မဲစာရင်းထပ်တိုးလုပ်တာတွေတွေ့တာ၊မဲပုံးတွေကို မဲရုံကိုရောက်အောင်မပို့ဘဲနဲ့ မဲမရေဖြစ်တာမျိုးတွေ၊ အသက်၁၈နှစ်အောက် မဲပေးတာတွေ၊ မှတ်ပုံတင်မပါဘဲနဲ့မဲစာရင်း ၁၉၀၀၀ ကျော်လောက် တိုးနေတာတွေ၊နာမည်တူအဖေတူလိပ်စာတူပြီးတော့မှ မှတ်ပုံတင်တူပြီး မဲပေးတဲ့ ၇၀၀၀ကျော်ရှိတာတွေ အပေါ်မှာအခြေခံပြီးတော့မှဆန္ဒပြတာပါ၊ ဆက်လုပ်မှာကတော့ မှန်တဲ့လမ်းကြောင်းလေးတစ်ခုထိအောင် ရောက်အောင်သွားမှာပါ” ဟု ဟောပြောသူဦးမြသွင် (ခ) ဦးမြင့်စန်းက ပြောသည်။

    ဓာတ်ပုံ – ထီလာကိုငယ်လေး

    ယင်းဆန္ဒထုတ်ဖော်ပွဲကို လမ်းလျှောက်ခြင်းမဟုတ်ဘဲ ဟောပြောပွဲပုံစံဖြင့် ပြုလုပ်ခဲ့ကောင်း၊ ငြိမ်းစုစီ တင်ထားရာတွင် လူအင်းအား၂၉ ယောက် တင်ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ကြိုတင်မဲများ စစ်ဆေးပေးရေး၊ မဲဆန္ဒရှင်စာရင်း စစ်ဆေးပေးရေး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး စသည့် ကြွေးကြော်သံ ပိုစတာများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

    Red News Agency